Part 32

152 15 14
                                    

Unicode...

''ဆန်ပြုတ်ရပါပြီ''

ကျစ်

Nanonယူလာပေးသောဆန်ပြုတ်ပန်းကန်ကိုကြည့်ပြီးPeteစုတ်သလိုက်သည်။ဆန်ပြုတ်သည်သူရဲ့အမုန်းတကာ့အမုန်းဆုံးအစားအစာပင်။ဆန်ပြုတ်ပန်းကန်ကိုမြင်ယောင်တိုင်းငယ်ငယ်ကသူတို့ကိုဆန်ပြုတ်ပဲကျွေးခဲ့တာကိုအမှတ်ရစေမိသည်။

''ပြန်ယူသွား''

''အဖျားအနည်းငယ်ရှိလို့တွေဆန်ပြုတ်ပဲတိုက်ပါဦးလို့ဆရာ၀န်ကြီးကမှာထားပါတယ်''

''ယူသွားလိုက်တော့Nanon''

နာမည်ကိုပါခေါ်ပြီးပြောလာပြီမို့ထပ်မပြောတော့ပဲNanonပန်းကန်ကိုပြန်ယူပြီးထွက်လာခဲ့လေသည်။သူထပ်သာဆက်နေပြီးတိုက်တွန်းမိလျှင်ခေါင်းထဲကျည်ဆံရောက်လာတော့မည်မှာမလွဲပင်။ကိုယ့်ဆရာအကြောင်းကိုယ်ပဲအသိဆုံးပေမို့..

................

''ဒီကားလေးမဆိုးဘူးမီတို့ကြည့်ကြမယ်မလား''

အားနေတဲ့အချိန်လေးTV ကြည့်ဖို့Krist တို့တိုင်ပင်နေကြခြင်းဖြစ်သည်။ဇာတ်ကားရွေးသူကတော့Zal။

''Red white and Royal Blueကားကအရမ်းကောင်းတယ်ညွှန်းကြတယ်သိလား။P'Newတို့ကြည့်ကြည့်သမီးတော့ဗြိတိန်မင်းသားလေးကိုအရမ်းချစ်တာပဲသူကလေ''

''ဒီနေ့ငါတို့ကားမှကြည့်ရပါ့မလားအစ်မကြီး''

''ဟီးဟီးဆောရီးပါဖွင့်လိုက်ပြီနော်..''

!!ဒီနေ့၀က်မင်စတာအဘီဘုရားကျောင်းထဲမှာပုံပြင်လိုမျိူးအခမ်းအနားတစ်ရပ်ကျင်းပနေပါတယ်!!

!!အင်္ဂလန်ရဲ့အနာဂတ်ဘုရင်ကမ်းဘရစ်ရ်မြို့စားမင်းသားဖီးလစ်ဟာသူရဲ့ငယ်ချစ်ဦးဖြစ်တဲ့လေဒီမာသာဖစ်ဇ်ရွိုန်းနဲ့လက်ထပ်ထိန်းမြားခဲ့ပါတယ်!!

!!ဇနီးမောင်နှံနှစ်ဦးကိုအားပေးဖို့အတွက်လူပေါင်းထောင်ချီရောက်ရှိနေပြီးအင်္ဂလန်ရဲ့နှလုံးသားဖြစ်တဲ့မင်းသားဟန်နရီီနဲ့!!

''အားP 'Newတွေ့လားအဲ့တာသမီးကောင်လေးလေအမလေးချစ်စရာကောင်းလိုက်တာဗျာ''

မနိုင်စိန်မအပြောကိုNewမျက်ဖြူလှန်ပြလိုက်ကာအားပေးလိုက်လေသည်။တကယ်ထဲမင်းသားကအခုမှပေါ်လာတယ်သူမှာ့တော်တော်ဖြစ်နေပြီ.

Maung.....Where stories live. Discover now