Part 31

161 16 9
                                    

Unicode...

''ကျည်ဆံကအပေါ်ယံလေးပဲရှပ်ထိသွားတာမို့သိပ်ပြီးစိုးရိမ်စရာမလိုပါဘူး´´

      ဆရာ၀န်ရဲ့ပြောကြားချက်အပြီးမှNewသက်ပြင်းလုံးလုံးချနိုင်တော့လေသည်။ကျည်ဆံထုတ်နေစဥ်တစ်လျှောက်လုံးမှာလဲNewမှာကြီးကြီးမားမားဘာမှမဖြစ်ပါစေနဲ့ဆုတောင်းပေးခဲ့လေသည်။ကိုယ့်ပုံစံကိုတောင်သတိမထားမိနိုင်တဲ့အထိကိုဒီကောင်လေးအပေါ်ကိုပဲစိုးရိမ်နေမိခဲ့တာဖြစ်၏။

''အခုရောအဆင်ပြေတယ်မလား´´

''အားဆေးပါသွင်းပေးထားတာမို့အခုတော့အနားယူနေပါတယ်။ဒဏ်ရာကသိပ်မနက်တာမို့မကြာခင်အချိန်အတွင်းမှာပြန်သက်သာလာပါလိမ့်မယ်။အဲ့ဒါဆိုကျွန်တော့်ကိုသွားခွင့်ပြုပါဦး´´

''ကျွန်တော်လိုက်ပို့ပေးလိုက်ပါ့မယ်သခင်လေး´´

        Nanonကဆေးအိတ်ယူကာရှေ့ကထွက်သွားလေသည်။ဆရာ၀န်ထွက်သွားသည်နှင့်Newအခန်းထဲကို၀င်လာခဲ့သည်။မဲနက်နေသောကုတင်ထက်
တွင်မျက်လုံးတို့မှေးမှိတ်ကာအနားယူနေသောလူဆိုးကောင်လေးရဲ့နှုတ်ခမ်းပါးများမှာဖြူဖျော့နေလျက် ရှိနေသည်။

       အိပ်နေတာကိုအနှောက်မယှက်မပေးချင်တာရယ်
ကောင်လေးအဆင်ပြေစွာရှိနေသည်ကိုတွေ့ရသည်ရယ်ကြောင့်Newအိမ်ပြန်ဖို့အတွက်ယူစရာရှိတာယူလိုက်လေသည်။ပြင်ဆင်နေတုန်းကုတင်ထက်ကကောင်လေးမှာမျက်လုံးများလေးပင့်စွာပွင့်လာပြီးသူ့ကိုတွေ့သည်နှင့်

''ပြန်တော့မလို့လားခင်ဗျား´´

''အင်း ပြန်အိပ်လိုက်ဦး။မင်းအနားယူဖို့လိုတယ်´´

''အဟက်ကျူပ်ဒီလောက်လေးနဲ့ဘာမှမဖြစ်နိုင်ပါဘူး။ခင်ဗျားကကျုပ်ကိုစိတ်ပူလို့လား´´

''မပူပါဘူးနည်းနည်းလေးတောင်စိတ်မပူဘူး´´

အ....

          အိပ်ရာပေါ်တွင်အ ခနဲအသံပြုပြီးမျက်နှာရှုံ့မဲ့သွားသောကောင်လေးကြောင့်Newလုပ်လက်စကိုပစ်ချပြီးအမြန်ကုတင်နားသွားလိုက်လေသည်။ခေါင်းကြီးငုံ့ထားတဲ့ကောင်လေး​မှာနာကျင်တာတစ်ခုခုများဖြစ်နေသည့်ဟန်။Newစိုးရိမ်စိတ်ကပို၍ပင်မြင့်တတ်လာရလေသည်။

Maung.....Onde histórias criam vida. Descubra agora