Part 3

294 28 10
                                    

Uni>>>>>

''ကဒ်''

''okတယ်ဒီနေ့အတွက်ရှုတင်နားပြီ''

ရေး

နေ့လည်ကရိုက်ခဲ့တဲ့အခန်းရဲ့အဆက်ကိုပဲNewတို့နှစ်ယောက်သာပြန်ရိုက်ရသည်။မင်းသမီးကတော့သူမရိုက်ကမဲ့အခန်းမရှိတော့သဖြင့်ပြန်သွားလေရဲ့။အချိန်အားဖြင့်လည်း5နာရီ၀န်းကျင်လောက်ရှိလောက်ပြီ။

''မနက်ဖြန်ရိုက်ကမဲ့အခန်းကအခန်း
25နော်မင်းသားတို့ပြင်ဆင်စရာရှိတာတွေအကုန်အဆင်သင့်လုပ်လာခဲ့ကြပါ''

''အခန်း25ကကျွန်တော်မပါဘူးထင်တယ်''

''မနက်ဖြန်Newနဲ့ပဲရိုက်ကမှာ။မင်းကတော့နားရက်ပေါ့''

''Wowကောင်းလိုက်တာ''

''မတရားဘူးဗျာကျွန်တော်လည်းနားချင်တာပေါ့လို့''

''မင်းသားရေမင်းFanလေးတွေကမင်းကိုတော်တော်ချစ်တာပဲကွာ။မနက်ကဒီကလူတွေအတွက်အချိူရည်တွေရော၊ရေခဲမုန့်တွေရော၊မုန့်တွေပါပါဆယ်ပုံးလိုက်လာပို့သွားတယ်''

''ကျွန်တော့်fanလေးတွေကချစ်စရာအကောင်းဆုံးပဲ။သူတို့ကြောင့်ပဲကျွန်တော်ဒီနေရာမှာရပ်တည်နိုင်တာ။ကဲပါလေကျွန်တော်ပြန်တော့မယ်။နှုတ်ဆက်ခဲ့ပါတယ်Earthငါပြန်ပြီ''

bye New

Newအသင့်စောင့်ကြိုနေသောကားပေါ်သို့တတ်ခဲ့သည်။ကားရှေ့ခန်းတွင်Kristနဲ့
Driverထိုင်နေလေသည်။new၀င်ထိုင်လိုက်သည်နှင့်ကားလေးမှာစထွက်လေ၏။
တစ်လမ်းလုံးကားပေါ်တွင်မှိန်းပြီးလိုက်လာခဲ့သည်။

''Newတိုက်ခန်းကိုပဲမောင်းပေးရမှာလားအိမ်ကိုသွားဦးမှာလား''

အိမ်အခြားသူတွေအတွက်တော့နွေးထွေးမှုများချစ်ခြင်းများနဲ့သာပြည့်နှက်နေနိုင်ပြီးnewအတွက်ကတော့ရွံ့စရာအတိသာဖြစ်နေပေလိမ့်မည်။

''တိုက်ခန်းပဲပြန်မယ်''

''အိမ်ပြန်မလာရင်တောင်မှမင်းအဖေကမင်းကိုလာတွေ့ပါတဲ့''

Newမဲ့ပြုံးတစ်ချက်သာပြုံးပြီး

''ထူးထူးဆန်းဆန်းပါလားအမ်းနေကျမိန်းမတွေနဲ့မအားနိုင်တဲ့သူကဘာအကြောင်းကြောင့်ငါ့ကိုတွေ့ချင်တာပါလိမ့်ငါမအားဘူးလို့ပြောလိုက်''

Maung.....Where stories live. Discover now