Part 15

297 34 14
                                    

Unicode>>>

      ပူနွေးသောနေရောင်ခြည်အထိအတွေ့ကမျက်နှာပေါ်ဖြာကျလာသည်နှင့်Newတစ်ဖန်ပြန်နိုးလာလေသည်။ခန်းဆီးလိုက်ကာများဖွင့်ထားသောကြောင့်အပြင်ပတ်၀န်းကျင်ကပကတိကြည်လင်၀င်းပနေ၏။ဒီတစ်ခေါက်ထခြင်းတွင်လည်းအရိုင်းအစိုင်းကောင်လေးကရှိမနေချေ။စောင်ကိုခေါက်လိုက်ပြီးရေချိူးခန်းရှိရာဘက်ကိုထွက်လာခဲ့လိုက်လေသည်။

''အမေ့....''

Newလန့်လည်းလန့်စရာပင်။Bathtubထဲတွင်ရေ၀င်စိမ်နေသောလူကြောင့်ပင်။...ဘယ်ချိန်ထဲက၀င်နေတာတော့မသိပေမဲ့ဆပ်ပြာအမြုပ်တွေမှာပျယ်လုနီးပါးဖြစ်နေလေသည်။Newအော်သံကြောင့်ထင်မှိတ်ထားသောမျက်၀န်းများမှပြန်ပွင့်လာလေသည်။

''ဟို..ဟိုlockမချထားတော့ဘယ်သူမှမရှိဘူးထင်လို့....ထွက်ပေးမယ်''

''နေဦး......''

ရေထဲမှကိုယ်အပေါ်ပိုင်းကထလာပြီးသူနှင့်အတူမမြင်အပ်တဲ့အရာကပါမြင်ရဖို့နီးကပ်လာသောကြောင့်Newမျက်နှာကိုလွှဲချပစ်လိုက်လေသည်။တကယ့်ကိုလုံး၀အရှက်မရှိတဲ့အရိုင်းအစိုင်းကောင်။ထပ်ပြီးထွက်သွားဖို့ခြေလှမ်းပြင်လိုက်ရင်ပဲ..

''ကျစ်...ခင်ဗျားကိုရပ်နေလို့ပြောနေတယ်လေ...''

တစ်ဘက်တစ်ထည်ကိုကောက်ပတ်လိုက်ကာအရိုင်းအစိုင်းကောင်လေးမှာသူ့အနားသို့ချဥ်းကပ်လာလေသည်။Newကဆုတ်လိုက်သူကတိုးလိုက်နှင့်နံရံကိုရောက်သွားကာလက်နှစ်ဖက်ဖြင့်ပိတ်ခံလိုက်ရလေသည်။

''ဘာ....ဘာလဲ''

''အဟက်....ခင်ဗျားကကျူပ်ကိုကြောက်နေတာပဲ..''

''၀ေးသေး....ငါကဘာလို့မင်းကိုကြောက်ကမှာလဲ''

''အဲ့တာဆိုကျူပ်ကိုကြည့်လေ''

''ငါဘာသာကြည့်ချင်ကြည့်မယ်မကြည့်ချင်မကြည့်ဘူး...မင်းအကြောင်းတစ်ခုမှမပါဘူးထင်တယ်''

''ဘာလဲ...ခင်ဗျားမြူစွယ်လို့မရနိုင်တဲ့သူမို့လို့လား။စမ်းကြည့်လိုက်လေ.ကံကောင်းရင်ခင်ဗျားအတွက်ဂွင်ဖြစ်သွားနိုင်တယ်နော်။ပြီးတော့ခင်ဗျားအဖေcompanyလည်းအထောက်အပံ့ရတာပေါ့''

Maung.....Where stories live. Discover now