Part 21

319 32 25
                                    

Unicode>>>>

အခန်းတံခါးရဲ့ဘောင်ကိုလက်ချကာတစ်ဖက်တိုက်ခန်းဆီသို့Newကျော်ကြည့်လိုက်မိ၏။ဒီနေ့တစ်ရက်တာအတွင်းဟိုအရိုင်းအစိုင်းကောင်လေးကိုNewမမြင်မိသေးချေ။ပုံမှန်ဆိုထိုအရိုင်းအစိုင်းကောင်ကခြံထဲမှာစာအုပ်ဒါမှမဟုတ်Laptopကိုအသုံးပြုကာထိုင်နေတတ်ပေမဲ့အခုကတော့အရိပ်အယောင်ပင်မတွေ့ရပေ။သူပြန်များသွားတာလားဒါမှမဟုတ်နေမကောင်းများဖြစ်နေတာများလား......။

"Ok ......အဲ့လိုအရိုင်းအစိုင်းကောင်အ​ကြောင်းမတွေးပဲနေရအောင်"

အမျိူးမျိူးတွေးနေမိခြင်းကိုခေါင်းခါယမ်းကာအဆုံးသတ်လိုက်ပြီးအောက်ထပ်သို့ဆင်းလာခဲ့လေသည်။အောက်ထပ်ကိုရောက်တော့အသင့်ပြင်ထားသောထမင်း၀ိုင်းကဆီးကြိုနေလေ၏။Newလည်းထမင်း၀ိုင်းတွင်၀င်ထိုင်လိုက်ပြီးဟင်းများခပ်ထည့်ကာစားသောက်လိုက်လေသည်။

"အကိုလေးဒီနေ့ဘယ်သွားဦးမှာလဲဗျ....."

"မသိသေးဘူးကွာ.....သွားမယ်လို့တော့စဥ်းစားထားတာမရှိသေးပါဘူး။ဘာလဲမင်းသွားစရာရှိ လို့လား"

"Arr .....မဟုတ်ပါဘူးအကိုလေးရာ..ကျွန်တော်ကမေးကြည့်တာပါ.."

"Omm......."

ထမင်းတစ်လုတ်သွင်းခါနီးမှတစ်ခုခုကိုသတိရသွားလေတော့.....

"ဟေ့မင်း........."

"ဗျာအကိုလေး..........."

"ဟို.........ဘေးအိမ်ကတစ်ယောက်ကိုမြင်မိသေးလား"

"မတွေ့မိပါဘူး.....ကြည့်ရတာမရှိဘူးထင်ပါတယ်"

"Aww.........."

Newလည်းဘာမှဆက်မပြောတော့ပဲထမင်းပဲဆက်စားနေလိုက်လေသည်။အနည်းငယ်မျှလောက်စားပြီးနောက်.....

"ဟာ.....အကိုလေးတော်ပြီလား"

"Innငါဗိုက်တင်းသွားပြီ......မင်းဆက်စားလိုက်တော့လေ...."

ထိုကောင်လေးကိုမှာပြီးNewအိမ်အပြင်ဘက်ကိုထွက်လာခဲ့လေ၏။ဒန်းပေါ်တွင်ထိုင်ပြီးခြေထောက်လေးကပါလှုပ်ယမ်းကာဆော့နေသည်မှာတစ်ကယ့်ကိုအသည်းယားဖွယ်။တစ်ချက်တစ်ချက်ကလည်းထိုအိမ်ခြံဘက်ကိုလှမ်းကြည့်မိနေမိလေသည်။သို့သော်တိတ်ဆိတ်နေသောအိမ်ကြီးကလွဲလို့ကျန်တာဘာမှမတွေ့ရပေ။

Maung.....Where stories live. Discover now