Part 10

329 36 37
                                    

Uni>>>>

ကျွီ

     လေထက်တောင်လျှင်မြန်နေတဲ့အရှိန်နဲ့မောင်းတင်လာခဲ့ပြီးချက်ချင်းဆိုသလိုဘရိတ်အုပ်လိုက်တာကြောင့်Newရှေ့ကိုယိုင်တတ်သွားလေသည်။ဟိုအရိုင်းအစိုင်းကောင်လေးကတော့ဘာမှမဖြစ်သလိုပင်။နေရာ၀န်းကျင်အနေအထားကြောင့်သူရဲ့Condoရှေ့တွင်ရောက်နေမှန်းNewသိလိုက်လေသည်။
နေပါဦးဒီကောင်လေးသူ့တိုက်ခန်းကိုဘယ်လိုသိတာပါလိမ့်

''ဆင်း''

''ဘာ''

''ခင်ဗျားနားကောင်းတယ်ဆိုရင်ဆင်းလိုက်တော့''

   ထပ်မမေးနေတော့ပဲNewကားပေါ်ကဆင်းလိုက်လေသည်။အရာရာသူ့စိတ်ကြီးပဲ
ဆင်းပြီးပြီးချင်းလည်းတစ်ဖန်မောင်းထွက်သွားသောကားကြောင့်အံ့သြခြင်းများစွာဖြစ်ရပြန်သည်။ဒီအရိုင်းအစိုင်းကောင်ကဦးနှောက်ကောကောင်းရဲ့လား

ထွေထွေထူးထူးတွေးမနေတော့ပဲNewတိုက်ခန်းကိုသာပြန်တတ်လာခဲ့လေသည်။ပိုတောင်ကောင်းသေးကားမောင်းပြီးပြန်လာစရာတောင်မလိုဘူး။နောက်မှငါ့ကားမပို့ပဲနေကြည့်။ဒင်းကိုသောက်ပြဿနာကိုအကြီးအကျယ်ရှာပြစ်လိုက်မည်သာ။ဘယ်လောက်ပဲအကောင်ကြီးကြီးသူ့ထက်ငယ်တဲ့သူဆီကနိုင်ထက်စီးနင်းလုပ်တာကိုလုံး၀မခံနိုင်ပေ။အထူးသဖြင့်ပါးစပ်ကလည်းကြမ်းတမ်းပြီးယုတ်မာရိုင်းစိုင်းတတ်တဲ့ဒီလိုကောင်လေးဆီမှာပေါ့

>>>>>>>>>>>>>>>>

    ဟိုလူကိုပြန်ပို့ပြီးPeteအိမ်ကိုပဲပြန်လာခဲ့လေသည်။အိမ်ကိုပြန်ရောက်တော့ခြံထဲတွင်၀ိုင်တစ်ခွက်ဘေးချကာရေကူးနေသောsingtoသူ့ကိုမြင်သွားသည်ထင်လှမ်းတောင်အဖော်ညှိနေသေးသည်။

''Hay bro သောက်ဦးမလား''

''တော်ပြီငါအပေါ်တတ်တော့မှာ''

''Broကလည်းကွာနားနားပြီးလုပ်ပါကွ။အလုပ်တွေကဘယ်မှထွက်မပြေးပါဘူး။ညစ်နေရင်ပြေအောင်ဆော်လေးတစ်ဗွေလောက်တွဲလိုက်ပါလား''

''မင်းဟိုတစ်နေ့ကProduction တစ်ခုကို၀ယ်လိုက်တယ်ဆို။ဘာလို့ဟိုလူရိုက်နေတဲ့Productionမှလဲ''

Maung.....Where stories live. Discover now