♡︎ Cha 1♡︎

2K 158 7
                                    

(Zawgyi Version)

အချိန်ကာလတစ်ခုအားဖြင့်ဆိုလျှင် 1956ဝန်းကျင်..။

စူကျိုးမြို့ရဲ့ နွေရာသီအချိန်ကတော့ ပုံမှန်အတိုင်း ပူပြင်းနေဆဲ ၊လမ်းသွားလမ်းလာမိန်းကလေးအချို့ကတော့ အသားအရည်ကို နေမလောင်စေဖို့အတွက် အပေါ်ဖုံးအပါးလေး ဝတ်ကာ မိမိလုပ်ငန်းဝစ္စများကိုပြုလုပ်နေကြသည်။

အမျိုးသားများအဖို့မူ ထိုသို့သောအရာတွေက အလေးထားစရာတော့ မဟုတ်ပေ။ 

စူကျိုးမြို့လယ်က အိမ်နှင့်တွဲဖက်၍ဖွင့်လှစ်ထားသောစားသောက်ဆိုင်ငယ်လေးတစ်ခု။ ဆိုင်ငယ်လေးဆိုပေမဲ့ စူကျိုးတစ်မြို့လုံးက ထိုဆိုင်လေးကို သဘောကျပြီး အားပေးလေ့ရှိသည်။ အထူးသဖြင့် ချမ်းသာတဲ့အမျိုးသမီးငယ်လေးတွေက ထိုဆိုင်လေးကိုလာရောက်လေ့ရှိတာမို့ စည်စည်ကားကားနှင့် အလွန်ရောင်းအားကောင်းသော ဆိုင်လေးဆိုပင်မမှား။

အမျိုးသမီးငယ်လေးများ မျက်စိကျရသောအကြောင်းအရင်းသည်ကားအခြားမဟုတ်၊ထိုဆိုင်လေးတွင် အလွန် မျက်စိပနာအေးချမ်းလှသော အပြုံးချိုချိုပိုင်ရှင်လေးတစ်ယောက်ရှိသောကြောင့်ပင် ဖြစ်လိမ့်မည်။

"ဒေါ်လေးကျန်း...ဆရာလေးက ကျောင်းမသွားသေးဘူးလား"

စားသောက်ဆိုင်ရဲ့ လှေကားဘေးက စားပွဲမှာထိုင်နေတဲ့ ဖောက်သည်ဖြစ်သူ မိန်းကလေးတစ်ယောက်က ဆိုင်ရဲ့ ကောင်တာမှာထိုင်နေတဲ့ အသက်လေးဆယ်ကျော် ငါးဆယ်နီးပါးရှိနေတဲ့ အဒေါ်ကြီးတစ်ယောက်ကို လှမ်းမေးလိုက်ခြင်း ဖြစ်သည်။

"အမလေးရှင်..ကျောင်းသွားဖို့ မနက်ကအစောကြီးထတာ အခုထိပြင်ဆင်လို့ကို မပြီးနိုင်သေးဘူး .."

"ဒေါ်လေးကျန်း..ကြည့်ထိန်းအုံးနော် ဆရာလေးက ချစ်သူတွေဘာတွေ ထားနေအုံးမယ်.."

"ဒီအရွယ်ရောက်ပြီပဲ ထားပါစေပေါ့..ဒီအမေဖြစ်သူကထားခိုင်းနေတာတောင် သူကမလှုပ်ကို မလှုပ်တာ.."

"အဲ့တာပိုကောင်းတယ်.."

"ဟုတ်တယ် ..ကောင်းတယ် "

ဆိုင်ထဲမှာရှိနေတဲ့ ဖောက်သည်မိန်းကလေးတစ်ချို့က ဝိုင်းပြီးထောက်ခံကြသည် ၊ထိုအမျိုးသား ချစ်သူသညာထားမှာ သူတို့မလိုလားသည့်ပုံစံ။ အကြမ်းရည်သောက်ရင်း မာကျောက်ကစားနေတဲ့ လူအိုကြီးတွေနဲ့ အမျိုးသားတွေကတော့ ခေါင်းတစ်ခါခါဖြင့်ရယ်နေကြသည်။

1956'𝐬 _ _ _♡︎Where stories live. Discover now