♡︎ Cha 30 ♡︎ (Final) edit

809 73 20
                                    

Zawgyi Version

စူကျိုးမြို့ ဈေးတန်းထဲမှာ လူနှစ်ယောက်ကို လူတိုင်းလိုလိုက ငေးကြည့်နေကြသည်။ နှစ်ယောက်စလုံးရဲ့အပြုံးတွေက ရွန်းရွန်းဝေကာ တစ်ယောက်လက်ကိုတစ်ယောက်ဆွဲကိုင်ထားကြသည်။
အရပ်မြင့်မြင့်နဲ့ အမျိုးသားလေးကတော့ ဈေးဝယ်ခြင်းလေးကို ကိုင်ကာ သူ့ဘေးနားကအပြုံးချိုချိုနဲ့ ကောင်လေး ခေါ်သမျှနေရာကိုလိုက်နေလေရဲ့။

"ဆရာလေး မင်္ဂလာပါ ..အရာရှိကုန်းကျွင်း မင်္ဂလာပါ"

တွေ့သမျှလူတိုင်းက သူတို့ကိုနှုတ်ဆက်ကြပြီး သူတို့ကလည်း ပြန်လည်ဖော်ရွေစွာပင်နှုတ်ဆက်ကြသည်။ လွန်ခဲ့တဲ့အချိန်တုန်းကတော့ ကုန်းကျွင်းကို ထိုမြို့က သိတဲ့လူသိပ်မရှိပေမယ့် နောက်ပိုင်းမှာတော့ အရမ်းတော်ပြီးထက်မြတ်တဲ့ ရဲအရာရှိတစ်ယောက်အနေနဲ့ လူအများကသိလာကြသည်။သို့ပေမယ့် သူ့ရဲ့ အေးစက်စက်နဲ့ရှိန်ရတဲ့မျက်နှာထားကြောင့် ဘယ်သူမှ နှုတ်ဆက်ရဲခြင်းမရှိခဲ့။

အခုချိန်မှာတော့ ထိုအရာရှိလေးက အစစအရာရာပြောင်းလဲသွားလေပြီ။ လူတိုင်းကိုဘယ်လိုပေါင်းသင်းပြီး ဂရုစိုက်ရမလဲဆိုတာရော၊လူကောင်းတစ်ယောက်အဖြစ်ဘယ်လိုနေရမလဲဆိုတာကို ချစ်ရသူက သင်ကြားပေးခဲ့လေပြီ။

"ဦးလေးမာ ..ဒီနေ့ပင်လယ်စာဈေးက အရင်ရက်ထက်ပိုတက်လာသလိုပဲနော် "

"ဟုတ်တယ် အရာရှိလေးရဲ့ ..ဈေးတွေကတက်နေတာ ဖြစ်နေကျပဲ..အရာရှိလေး ယူမယ်ဆိုရင်တော့ ဦးလေး ဈေးလျော့ပေးမှာပေါ့ "

ကုန်းကျွင်းက ဝယ်မဲ့ အစားအသောက်တွေကိုကြည့်ရင်း ပြုံးလိုက်ပြီး ဈေးရောင်းသူဦးလေးကြီးကို ပြန်ပြောလိုက်သည်။

"ရပါတယ် ..မလိုပါဘူး ပုံမှန်ရောင်းဈေးနဲ့ပဲ ကျွန်တော်တို့ကိုပေးပါ "

"ဟုတ်ပြီ ဟုတ်ပြီ အရာရှိလေးအဆင်ပြေရင် ကျွန်တော်အဲ့သလိုပဲပေးမယ်နော် "

"ဟုတ်ကဲ့ "

ကျန်းကျယ်ဟန် ကုန်းကျွင်းကို အထူးအဆန်းပုံစံမျိုးနဲ့ငေးကြည့်နေမိသည်။သူ့ဘေးက လူဆိုးလေးက အခုချိန်မှာ အစစအရာရာပြောင်းလဲသွားခဲ့သည်။မပြောင်းလဲတာကတော့ တစ်ယောက်ပေါ်တစ်ယောက်ထားတဲ့ မေတ္တာတရားတွေပဲ။
ကျန်းကျယ်ဟန်မျက်လုံးတွေထဲမှာ ဝမ်းသာကြည်နူးမှုတွေက အလျှံအပယ်ဖြစ်နေသည်။ သူအရမ်းကိုပျော်ရွှင်ရပါတယ်။

1956'𝐬 _ _ _♡︎Where stories live. Discover now