( Zawgyi version)
ညအချိန်မို့ လမ်းမီးတိုက်မှိန်ပြပြတွေဟာ လူသွားလမ်းတွေကို တစ်ပိုင်းတစ်စမြင်နေရသည်။တစ်ချို့နေရာတွေမှာ တိတ်ဆိတ်နေပေမယ့် တစ်ချို့နေရာတွေမှာပေါ့ သေချာပေါက် ရုတ်ရုတ်သည်းသည်းဖြစ်နေလိမ့်မည်။မီးခိုးစက်ခေါင်းတိုင်က တစ်လှိမ့်လှိမ့်တတ်လာနေတဲ့ မီးခိုးငွေ့တွေကိုကြည့်ပြီး သက်ပြင်းတစ်ချက်ချလိုက်မိသည်။အနီးနားမှာရှိနေတဲ့ အမေဖြစ်သူက ပြတင်းပေါက်နားမှာရပ်နေတဲ့သူ့ဆီ တန်းတန်းမတ်မတ်လျှောက်လာကာ ပုခုံးကိုကိုင်လို့ စကားဆိုတယ်။
"ဘာလို့သက်ပြင်းတွေချနေတာလဲ ဟန်အာ"
မိခင်ဖြစ်သူရဲ့ အမေးဆုံးတော့ သက်ပြင်းတစ်ခုဟာထပ်ပြီးထွက်ပေါ်တယ်။သူဟာ မိခင်ဖြစ်သူကိုမကြည့်ဘဲလေတစ်ဖြူးဖြူးတိုက်နေတဲ့ အပြင်ဘက်ကိုပဲမျက်နှာမူလို့ ခပ်လေးလေးပြန်ဖြေတယ်။
"ယုံရှဲ့က ဒီနေ့ အမှုလိုက်သွားတယ် အမေ "
"အမယ်လေး ကျေးဇူးရှင်ရယ် ဘာများလဲလို့ အဲ့တာက သူ့တာဝန်ပဲလေ ပြီးတော့သူက ဒီလောက်တော်တာကို စိတ်ပူမနေပါနဲ့"
"အဲ့တာတော့သိတာပေါ့ အမေရဲ့ ဒီလိုပဲ .. "
"အမယ်လေး အားရှဲ့က အခုမှ အလုပ်စလုပ်တဲ့ကလေးလည်းမဟုတ်ဘူး ဒီထက် အန္တရာယ်များတဲ့အလုပ်တွေတောင်လုပ်နေကြ မင်းကဘာလို့အဲ့လောက်စိတ်ပူနေတာတုန်း"
အမေဖြစ်သူစကားအဆုံး ကျန်းကျယ်ဟန့် တွေဝေသွားမိသည်။ဟုတ်တယ် ဒါတွေက ယုံရှဲ့အမြဲတစေကြုံတွေ့နေတာတွေ၊ ယုံရှဲ့ ဒီအလုပ်ကိုစလုပ်တုန်းကလည်း သူအရမ်းဂုဏ်ယူခဲ့တာ၊ ဒါပေမယ့် ဒီလိုအချိန်ရောက်တိုင်း ဘာလို့စိတ်ပူနေလဲဆိုတာ သူမသိဘူး။ ယုံရှဲ့က ဘယ်လောက်တော်တော် တစ်ခုခုထိခိုက်သွားရင်ဆိုတဲ့စိတ်ကြောင့် သူ့မှာနေမထိထိုင်မသာဖြစ်ရပြန်တယ်။
"အမေ .. "
"ဘာတုန်း"
"ကျွန်တော့်ကိုအဖေနဲ့အမေ့အကြောင်းပြောပြပါလား"
ရုတ်တရက်ထပြောတဲ့ သားဖြစ်သူကြောင့် ကျယ်ဟန့်အမေမှာ အံ့သြသွားရသည်။ဒီကလေး ဘာစိတ်ကူးပေါက်ပြန်တာလဲ။
![](https://img.wattpad.com/cover/283575581-288-k111291.jpg)
YOU ARE READING
1956'𝐬 _ _ _♡︎