♡︎ Cha 14 ♡︎

318 68 10
                                    

Zawgyi Version

လှိုင်းဒါဏ်တွေရိုက်ခတ်သမျှကို ကြိတ်မှိတ်ခံနေရတဲ့ ကျောက်ဆောင်တွေကို သိပ်သနားတယ်။သူတို့လည်း အရမ်းကိုနာကျင်ကြမှာပဲ။ဘယ်လောက်ပဲ မာကျောနေပါစေ..ခဏခဏရိုက်ခတ်တဲ့လှိုင်းကြောင့် သူဟာ ယိုင်နဲ့တတ်ပါသေးတယ်။

၂ပတ်ရှိသွားပြီ။သူဒီနေရာကိုရောက်နေတာ..အကြောင်းပြချက်ရေရေရာရာမရှိ။သူဘာကိုမှလည်းနားမလည်နိုင်တော့ဘူး။ နားလည်ဖို့ကြိုးစားရတာလည်း စိတ်ကုန်လှပြီ။ ထိုလူဆိုးကောင်ရဲ့လက်ထဲက လွတ်ဖို့ နေ့တိုင်းအကြံတွေထုတ်နေပေမယ့်လည်း တစ်ခုမှအဆင်ပြေမနေပြန်ဘူး။ အဲ့လူဆိုးကောင်က သူ့ကို ဘာကိစ္စဒီအိမ်ထဲပိတ်ထားရတာလဲ။ သူ့ကို ရောင်းစားမလို့တော့ မဟုတ်ဘူးမလား။
ကျန်းကျယ်ဟန့်ခေါင်းကိုယမ်းခါလိုက်သည်။

စိတ်ပျက်ပျက်နဲ့ ပြတင်းပေါက်ဘောင်ပေါ်ကို လက်ထောက်ပြီး ခြံဝင်းထဲကို အကဲခတ်ကြည့်လိုက်တော့ အလုပ်သမားလေးတစ်ယောက်ဟာ ပန်းအိုးတွေကို မပြီး ရွှေ့နေတာတွေ့လိုက်ရသည်။ထိုအလုပ်သမားလေးက မိန်းကလေးတစ်ယောက်ပင်။ဒီလောက် ကြီးတဲ့ ပန်းအိုးတွေကို မိန်းကလေးတစ်ယောက်ကိုသယ်ခိုင်းတယ်တဲ့လား။ဘယ်လိုတောင်လဲ။

ကျန်းကျယ်ဟန့်အခန်းထဲကထွက်လိုက်တော့ အပြင်မှာဟိုလျှောက် ဒီလျှောက်လုပ်နေတဲ့ ချွမ်ချိုးနဲ့တိုးလေသည်။

"လူကြီးမင်းလေး..ဘာလုပ်ချင်လို့လဲ"

"ဘာမှမလုပ်ချင်ပါဘူး၊ ငါခြံထဲ လမ်းလျှောက်ချင်လို့"

"လူကြီးမင်းလေးနဲ့ ကျွန်တော်က သဘောတူညီမှုရှိထားတော့ မတားလိုပါဘူး၊ ဒါပေမယ့် ခဏပဲရမယ်..တော်ကြာနေ သခင်ပြန်လာတော့မှာ"

"ငါ သိပါပြီ သွားတော့မယ်"

လှစ်ကနဲ မပြေးရုံတမယ်ထွက်သွားတဲ့ ကျောင်းဆရာကိုကြည့်ပြီး ချွမ်ချိုးသက်ပြင်းချကာ ခေါင်းခါယမ်းလိုက်မိသည်။ဒီကျောင်းဆရာကို သခင် ဘာကြောင့် မသတ်လဲဆိုတာ သူတကယ်နားလည်နေပါပြီ။အင်း..ဒါပေမယ့် သခင်က သူ့ကိုယ်သူ ညာနေတုန်းပဲ။

.

ပုံမှန်တိုက်ခတ်လာတဲ့လေဟာ သိပ်မအေးလှ။အဖြူရောင်အင်္ကျီလက်ရှည်နဲ့ဘောင်းဘီအညိုရောင်အရှည်ကို တွဲဖက်ဝတ်ဆင်ထားတဲ့ ကျန်းကျယ်ဟန့်က လေပြေတွေထက်ပိုအေးချမ်းတယ်။

1956'𝐬 _ _ _♡︎Unde poveștirile trăiesc. Descoperă acum