♡︎ Cha 25 ♡︎

283 66 10
                                    

Zawgyi Version

ကျန်းကျယ်ဟန်ရဲ့မျက်လုံးတွေက တစ်နေရာထဲကိုပဲစူးစိုက်ကြည့်ပြီးငြိမ်သက်နေသည်။ယုံရှဲ့ကတော့ သူ့ရဲ့ရှေ့မှာ ဒူး‌တစ်ဖက်ထောက်လျက် သူ့ကိုငေးကြည့်နေသည်။ဟန်အာတကယ်ပဲ ဘယ်လိုခံစားနေရမလဲ သူတကယ်နားလည်သည်။

ကျန်းကျယ်ဟန်စိတ်ထဲမှာလည်းလုံးဝကိုလွတ်နေပြီ။ဒါကဘယ်လိုမှဖြစ်နိုင်တဲ့ကိစ္စမဟုတ်ဘူးလေ။ကုန်းကျွင်းက ကတိပေးထားတယ် သူ့မိသားစုကိုထိခိုက်အောင်မလုပ်ဘူးလို့။ယုံရှဲ့ကလည်း သူနဲ့ကုန်းကျွင်းနဲ့ပတ်သတ်မှုကို မသိဘူး။Simonဆိုတာ ကုန်းကျွင်းပါလို့လည်း သူမသိဘူး။ယုံရှဲ့က ကုန်းကျွင်းကို ချောက်ချတာ မဖြစ်နိုင်ဘူး။ယုံရှဲ့ကလည်း အဲ့သလိုလူစားမျိုးမဟုတ်ဘူး၊ကုန်းကျွင်းကလည်း လုပ်မှာမဟုတ်ဘူး။

ဒါဆိုရင် တကယ်တမ်းမှားတာ ဘယ်သူလဲ ? သူပဲလား။သူ့မိသားစုအခုလိုပျက်စီးသွားရတဲ့ တရားခံက သူကိုယ်တိုင်ပဲလား။

ဘာလို့များ ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေကို ဝင်ပါဖို့ဆုံးဖြတ်ရတာလဲ။ဘာလို့များ ကုန်းကျွင်းကို ချစ်မိသွားရတာလဲ။သူနောင်တရနေပြီ တကယ်ကိုပဲ။အစစအရာရာအတွက် သူကိုယ်သူလည်းစိတ်ပျက်မိလေ၏။

ကျန်းကျယ်ဟန် မျက်ရည်တွေ ထပ်မကျတော့ဘူး သူ့ပုံစံက အသက်တောင်မရှူတော့ပဲ တစ်နေရာကိုပဲစူးစိုက်ကြည့်နေတယ်။လုံးဝကို အသက်မဲ့သွားတဲ့ ကျောက်ရုပ်တစ်ရုပ်လိုမျိုး။

ယုံရှဲ့ သူ့ပုံစံတည်ငြိမ်လာတော့မှ ခပ်တိုးတိုးညှင်းလေးခေါ်လိုက်သည်။

"ဟန်အာ.."

ကျန်းကျယ်ဟန် သူ့ဘက်လှည့်လာပြီး သူ့မျက်ဝန်းတွေကိုစိုက်ကြည့်လိုက်သည်။သို့ပေမယ့် ဘာစကားမှမဆို ။မင်းပြောတာ ငါနားထောင်နေတယ်ဆိုတဲ့အကြည့်မျိုးသာ။

ယုံရှဲ့ သူ့လက်ကို ဖမ်းဆုပ်ကိုင်လာပေမယ့် သူမရုန်းဘူး။အဲ့အစားသူ့မျက်နှာက အမူအရာတွေက ပျောက်ဆုံးလို့နေသည်။

"ဟန်အာ..ငါမင်းအတွက် အဲ့လူတွေကိုဖမ်းပေးပါ့မယ်..ပြီးတော့ ငါမင်းကိုတစ်သက်လုံးကာကွယ်စောင့်ရှောက်ချင်တယ် "

1956'𝐬 _ _ _♡︎Where stories live. Discover now