♡︎ Cha 20 ♡︎⚠︎

597 77 16
                                    

Zawgyi Version

( Warning sence : 3  /
အသက်မပြည့်သေးတဲ့လူကျော်သွားလို့လည်းမပြောချင်ပါဘူး၊ရေးတဲ့ Author နှစ်ယောက်လုံးကလည်း အသက်မပြည့်သေးလို့ >< ဖတ်ရအဆင်မပြေရင်တော့ ကျော်သွားလိုက်ပေါ့ ။ )

မျက်နှာချင်းဆိုင်ထိုင်ပြီး ကုန်းကျွင်းကို မျက်ဝန်းချင်းမဆုံတဲ့ ကျောင်းဆရာလေးကြောင့် ကုန်းကျွင်းက တိတ်တိတ်လေးပြုံးလိုက်သည်။အနီးနားက ချွမ်ချိုးကတော့ တပြုံးပြုံးဖြစ်နေတဲ့ သခင်နဲ့ သခင့်အကြည့်တွေကိုရှောင်လွှဲနေတဲ့ လူကြီးမင်းလေးကိုကြည့်ပြီး သဘောပေါက်သလိုလိုနဲ့ သဘောမပေါက်ပါဘူး။သူမှ ရည်းစားမထားဖူးတာ။

ကုန်းကျွင်းက ကျန်းကျယ်ဟန့်ရဲ့ပန်းကန်ထဲကိုဟင်းထည့်ပေးလိုက်တယ်။

"စားကြည့် .."

ကျန်းကျယ်ဟန့်လည်းဘာမှပြောမနေဘဲ စားလိုက်တော့သည်။ဒီကောင်လေးရဲ့လက်ရာကိုဝေဖန်ကြည့်ဦးမှပါ။

ပါးစပ်ထဲ ပျော်ဝင်သွားတဲ့အရသာကြောင့် ကျန်းကျယ်ဟန့်မျက်ဝန်းလေးတွေဝိုင်းစက်သွားသည်။ဒီလိုလူဆိုးကောင်လေးရဲ့လက်ရာက သူ့အမေထက်မကောင်းရင်တောင် သူ့အမေထက်ညံ့မနေဘူးပဲ။သူနဲ့ ယှဉ်ရင်အများကြီးသာတယ်။သို့ပေမယ့်လည်း ပေါ်တင် မချီးကျူးချင်တာကြောင့် ကျန်းကျယ်ဟန့်က ပုံမှန်မျက်နှာထားပြန်ဖမ်းလိုက်လေသည်။

"ဘယ်လိုနေလဲ"

"အင်း.. မဆိုးပါဘူး"

ထိုစကားအဆုံးမှာ ကုန်းကျွင်းက အနီးနားမှာရပ်နေတဲ့ ချွမ်ချိုးကိုလှည့်ကြည့်သည်။ချွမ်ချိုးက တစ်စုံတစ်ရာကို အရိပ်အခြေပြလိုက်တာနဲ့ ကုန်းကျွင်းက ချက်ချင်းပဲသဘောပေါက်သွားသည်။

"မဆိုးရုံပဲလား စားလို့မကောင်းဘူးပေါ့"

မျက်နှာကိုပါငယ်ပစ်လိုက်တဲ့ ကုန်းကျွင်းရယ်ပါ။ထိုမူယာမာယာတစ်သိန်းက သေချာပေါက် သူ့တပည့်ချွမ်ချိုးဆီကသင်ထားတာပဲပေါ့။

"မ..မဟုတ်ပါဘူး၊ကောင်းပါတယ်..အရမ်းကောင်းတယ်"

ကျန်းကျယ်ဟန့်လည်း အမှန်အတိုင်းသာဖြေလိုက်ရတော့သည်။သူ့အရှေ့ကလူဆိုးကောင်လေးက ငိုတော့မည့်ပုံဖြစ်နေသည်လေ။မဟုတ်လည်း သူတပါးရဲ့လက်ရာကို ကောင်းနေရဲ့သားနဲ့ ဟန်ဆောင်ပြောတာမကောင်းပါဘူးလေ။

1956'𝐬 _ _ _♡︎Where stories live. Discover now