♡︎ Cha 18 ♡︎

297 63 9
                                    

Zawgyi Version

အခုထိသတိလည်မလာသေးတဲ့ ကောင်လေးကိုကြည့်ပြီး ကျန်းကျယ်ဟန့်ကသက်ပြင်းတွေပဲလှိမ့်ချနေတယ်။ကျန်းကျယ်ဟန့်လက်နှစ်ဖက်လုံးက ကုန်းကျွင်းလက်တစ်ဖက်ကိုဆုပ်ကိုင်ထားတယ်။ဘာကြောင့်ကိုင်ထားမိမှန်းသူမသိဘူး၊တွေးလည်းမတွေးချင်တော့ဘူး။ရုတ်တရက် အခန်းထဲဝင်လာတဲ့ချွမ်ချိုးကိုမြင်တော့ ကျန်းကျယ်ဟန့်က ကုန်းကျွင်းလက်ကိုလွှတ်ချလိုက်တယ်။ချွမ်ချိုးကတော့ ပြုံးစိစိဖြင့် ကိုင်လာတဲ့ဗန်းကိုစားပွဲပေါ်တင်ပြီး စကားဆိုလိုက်သည်။

"သခင် သတိမရသေးဘူးလား"

"အင်း..ချွမ်ချိုး..သူဘာလို့သတိမရသေးတာလဲ"

သူကရိုးရိုးတန်းတန်းမေးလိုက်တာ သူ့အရှေ့ကလူကြီးမင်းလေးက မျက်ဝန်းတစ်စုံမှာစိုးရိမ်ထိတ်လန့်မှုတွေအပြည့်နဲ့သူ့အားပြန်မေးလာသည်။မဟုတ်ဘူးလေ..သခင့်အခြေအနေက စိုးရိမ်စရာမရှိပါဘူး၊ဒါဏ်ရာဆိုတာထက် သခင်က အရင်ပင်ပန်းထားတာတွေကြောင့်ပါ ပေါင်းအိပ်နေတာနေမှာပေါ့။

"လူကြီးမင်းလေးစိတ်မပူပါနဲ့၊သခင်က မကြာခင်သတိရလာမှာပါ"

"...."

ကျန်းကျယ်ဟန့်က ပြန်မဖြေတော့ဘဲ ခေါင်းပြန်ငုတ်လို့သွားသည်။

"အရမ်းကြီးစိတ်ပူမနေပါနဲ့ လူကြီးမင်းလေး၊သခင်နိုးလာရင် ဒီဆန်ပြုတ်နဲ့ ဆေးလေးတိုက်လိုက်ပါနော်"

"အင်း..ထားခဲ့လိုက်"

ထွက်လာတဲ့အသံလေးဟာ ခပ်တိုးတိုး။ချွမ်ချိုးလည်း သက်ပြင်းသာချပြီး ပြန်ထွက်သွားတော့သည်။

ချွမ်ချိုးထွက်သွားတာနဲ့ ကျန်းကျယ်ဟန့်လည်းထိုင်မနေတော့ဘဲ ပိတ်ထားတဲ့လိုက်ကာကိုဖွင့်ပြီး အနည်းငယ်ရှုပ်ပွနေတဲ့အခန်းကို လိုက်ရှင်းနေလိုက်သည်။သွေးတွေစွန်းနေတဲ့ အင်္ကျီတွေကို ယူပြီး အပြင်ထွက်လာတော့ ချွမ်ချိုးကိုတွေ့သည်။

"လူကြီးမင်းလေး ဘာလုပ်မလို့လဲ"

"သြော်..ချွမ်ချိုး ငါဒီအင်္ကျီတွေသွားလျှော်မလို့ မင်း သခင်ကိုခဏကြည့်ထားလိုက်ဦး"

1956'𝐬 _ _ _♡︎Onde histórias criam vida. Descubra agora