♡︎ Cha 29 ♡︎

406 65 5
                                    

Zawgyi Version

အိမ်မက်တစ်ခုလို နိုးထလာရချိန်မှာ တန်ဖိုးထားရတဲ့အရာအားလုံးက မျက်စိတမှိတ်အတွင်းမှာ အကုန်ပျောက်ကွယ်သွားခဲ့ရသည်။ဘယ်အချိန်ကနေစပြီး မှားယွင်းခဲ့တာလည်းဆိုတာ ဘယ်သူကသိနိုင်မှာလဲ။

နောက်ကျောဘက်ကိုတစ်ချက်လေးတောင်လှည့်မကြည့်ပဲ ထွက်သွားခဲ့တဲ့ ကျန်းကျယ်ဟန်ကိုလား။ဒါမှမဟုတ် အမှန်တိုင်းပြောဖို့မဝံ့ရဲခဲ့တဲ့ ကိုယ်ချစ်သူရဲ့မိသားစုကို သေစေတဲ့ကုန်းကျွင်းကိုလား။

ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးမှာတော့ ကြိုးလေးတစ်ချောင်းက ဘယ်လောက်ပဲ ခိုင်ခံနေပါစေအုံး၊ လွတ်လွတ်လပ်လပ်လွင့်မျောသွားချင်တိမ်စတွေကို ချည်နှောင်ထားခြင်းမရှိနိုင်တော့ပါ။

သို့ပေမယ့်လည်း လက်လျော့ချင်စိတ်ကအလျဉ်းမရှိ။တစ်ချိန်ချိန်ဖြစ်ဖြစ် သူ့ရဲ့အလင်းရောင်ငယ်လေးကို ပြန်ရှာတွေ့ပါလိမ့်မယ်လို့ ကုန်းကျွင်းယုံကြည်ထားသည်။

အလင်းရောင်လေးပျောက်ဆုံးသွားပြီး ပထမလ၊ဒုတိယလ၊တတိယလ သုံးလစလုံးမှာ အရမ်းပျော်စရာကောင်းလှသည်ဟုကုန်းကျွင်းခံစားရသည်။ မြို့အပြင်က ဓါးစာခံကိုဖမ်းချုပ်ထားသော တစ်ထပ်အိမ်လေးထဲတွင် နေ့အချိန်ဖြစ်စေ၊ညအချိန်ဖြစ်စေ အမြဲလိုလိုအလင်းရောင်ဟူသည်မရှိပေ။

ရှုပ်ပွနေသော အိမ်အိုကြီးထဲတွင် ယခင်ကရှိနေခဲ့ဖူးတဲ့ လူတစ်ယောက်ရဲ့အသံကအချိန်တိုင်းလိုလိုကိုပျံ့နှံ့နေသည်။ဆည်းလည်သံအလား သူ့ရဲ့အသံလေးတွေက နှလုံးသားထဲစိမ့်ဝင်နေ၍ အသက်ရှူဖို့ပင်ခက်ခဲလှသည်။

အိမ်အိုကြီးထဲက အခန်းငယ်လေးမှာတော့ အရာအားလုံးက ပြန့်ကျဲပေပွလျက် ကုတင်ခြေရင်းနားမှာထိုင်ရင်း ဆေးပေါ့လိပ်ကိုဆက်တိုက်ဖွာနေတဲ့ လူတစ်ယောက်ရှိသည်။ ဒါနဲ့ပါဆိုရင် ဒီသုံးလအတွင်း သူဆေးလိပ်သိပ်သောက်တာ တစ်နေ့ကို အလိပ်20နီးပါးနှုန်းနဲ့  1797လိပ်လောက်ရှိပြီ။

နောက်ဆုံးကျန်တဲ့ ဆေးပေါ့လိပ်တစ်လိပ်ကိုသောက်ပြီးနောက်မှာ သူမရပ်မနားကို ချောင်းဆိုးပြီး မောဟိုက်သလိုခံစားနေခဲ့ရသည်။ကုတင်ကို ခေါင်းမှီလိုက်ရင်း မျက်နှာကျက်ကို‌ အဓိပ္ပာယ်မဲ့စွာဖြင့် ငေးမောနေခဲ့သည်။ အချိန်အတော်ကြာပြီးနောက်မှာ လေးလံလှတဲ့ခြေလှမ်းတွေနဲ့ ကုတ်အကျ••တစ်ထည်ကိုယူပြီး အိမ်အိုလေးထဲကထွက်ပြီး ပျောက်ဆုံးသွားတဲ့ အလင်းရောင်ငယ်လေးကို ထွက်ရှာခဲ့သည်။

1956'𝐬 _ _ _♡︎Where stories live. Discover now