♡︎ Cha 28 ♡︎

269 52 3
                                    

Zawgyi Version

အလင်းရောင် မှိန်ပျပျသာရှိတဲ့ အချုပ်ခန်းထဲမှာ လက်တွေဟာ တိုင်နှစ်ဖက်ကိုအချည်ခံထားရပြီး ခြေထောက်တွေကိုလည်း ကြိုးတုတ်ခံထားရတဲ့ လူတစ်ယောက်ရှိလေသည်။ သူ့မျက်ဝန်းတွေမှာ အရာအားလုံးကို လက်လျော့လိုက်တဲ့ အရိပ်အယောင်တွေနဲ့အတူ ကိုယ့်ကိုကိုယ် အပြစ်တင်နေတဲ့ အရိပ်အယောင်တွေလည်းရှိနေသည်။ မျက်နှာကလည်း ထိုးကြိတ်ခံထားရတာကြောင့် ယောင်ကိုင်းနေပြီး ရင်ဘတ်မှာလည်း အရိုက်ခံထားရလို့ အင်္ကျီတွေပြဲစုတ်ပြီး သွေးစတွေကိုပါ အထင်းသားမြင်နေရသည်။

အချုပ်ခန်းတံခါးကို ဖွင့်ပြီး ယူနီဖောင်းအပြည့်နဲ့ဝင်လာတဲ့ အရာရှိယုံရှဲ့ ဆိုတဲ့လူကိုမြင်တာနဲ့ ချွမ်ချိုးက ခနဲ့ပြုံးပြုံးလေတယ်။ ယုံရှဲ့ သူ့အရှေ့ကလူကို မေးမြန်းနေတာ အတော်ပင်ကြာလေပြီ။ ခေါင်းမာလွန်းတဲ့လူဟာ အခုထိအမှန်အတိုင်းဖြေမလာဘူး။ တကယ်ကို သစ္စာရှိကြတဲ့လူယုတ်မာတွေပဲ။

"မင်း အမှန်တိုင်းဖြေတာကောင်းလိမ့်မယ်၊ ပြော ! Simonဆိုတာဘယ်သူလဲ..သူကအခုဘယ်မှာလဲ"

ယုံရှဲ့မေးတော့ ချွမ်ချိုးဟာ လှောင်ရိပ်သန်းနေတဲ့အပြုံးတွေနဲ့အတူ လှောင်ရယ်လာပါသည်။

"ဟား..! မင်းနားမလည်တာလား..ဒါမှမဟုတ် နားလေးနေတာလား၊ Simonဆိုတာငါပဲ ငါ့အထက်မှာဘာခေါင်းဆောင်မှမရှိဘူး"

ချွမ်ချိုးစကားအဆုံး ယုံရှဲ့က ကိုင်ထားတဲ့ကြာပွတ်ကိုလွှဲလို့ ရိုက်ချပစ်လိုက်သည်။ အသည်းခိုက်အောင်နာကျင်နေပေမယ့် ချွမ်ချိုးဟာ သူ့အတွေးထဲ သခင်နဲ့ လူကြီးမင်းလေးဆိုတဲ့အသိနဲ့ အရာအားလုံးကို သည်းခံထားတယ်။ သူ့ဘဝရဲ့ အလင်းရောင် နဲ့ နွေးထွေးမှုတွေကိုပေးခဲ့တဲ့ လူနှစ်ယောက်ကို သူဒီနည်းနဲ့ပဲဖြစ်ဖြစ်ကျေးဇူးဆပ်ချင်တယ်။ သူ မမှားဘူးမလား။

"မင်းကို အမှန်တိုင်းဖြေလို့ပြောနေတယ်မလား !! "

"ဟားဟား ..! မင်းတို့လိုရဲတွေက အသိဥာဏ်ပဲမရှိတာလား၊ ဒီလောကမှာ ခေါင်းဆောင်လုပ်နေတာ ဒီလိုလည်းလှည့်စားတတ်ရတယ်ကွ..ငါ့လက်အောက်ငယ်သားတွေအမြင်မှာ ငါက ခေါင်းဆောင်လက်ထောက်ဖြစ်ပြီး မရှိတဲ့လူကို ငါက ခေါင်းဆောင်ဆိုပြီး ပြောထားတာ ! "

1956'𝐬 _ _ _♡︎Where stories live. Discover now