Zawgyi Version
နေအိမ်ကြီးတစ်ခုလုံးကလည်းအပ်ကျသံကိုမကြားရတဲ့အထိပုံမှန်ထက်ကိုတိတ်ဆိတ်လွန်းလှပါသည်။အရင်ကဆိုလျှင် သခင်ဖြစ်သူရော လူကြီးမင်းလေးရော အတူရှိနေရင် တစ်ခုခုမဟုတ်တစ်ခုအမြဲရန်ဖြစ်ရင်းစနောက်ရင်း ဆူညံနေတတ်ပါသေးသည်။ အခုတော့နှစ်ယောက်လုံးအိမ်မှာရှိတာတောင် တစ်ယောက်က စာကြည့်ခန်းထဲကမထွက်၊နောက်တစ်ယောက်ကလည်း အခန်းထဲဟိုနားကောက်ထိုင်ဒီနားလှဲအိပ် ၊တမှိုင်မှိုင်တထွေထွေနှင့် တစ်ယောက်မှပင်လူရုပ်မထွက်တော့ပါ။
လော့ချွမ်ချိုးတစ်ယောက်ဆူညံသံနားပူစရာတွေနဲ့အကျင့်သားရနေပြီးကာမှအခုလိုတိတ်ဆိတ်သွားတော့အမှန်တကယ်ပင်မနေတတ်တော့။ ဒါကြောင့်ကျန်းကျယ်ဟန်အခန်းထဲကို မာကျောက်ပစ္စည်းများယူကာ ဝင်သွားလေသည်။ သခင့်ကိုစိတ်ပျော်အောင်လုပ်ပေးဖို့ထက် လူကြီးမင်းလေးကိုစိတ်ပျော်အောင်လုပ်ပေးဖို့က ပိုအရေးကြီးသလို ၊ပိုလည်းလွယ်ကူပါ၏။
"လူကြီးမင်းလေး ..ကျွန်တော်တို့ ကစားရအောင် "
"အင်း~ "
တစ်ပွဲ၊နှစ်ပွဲ၊သုံးပွဲ သို့ပေမယ့်သူ့ရှေ့ကလူသားကတော့ စိတ်မပါတစ်ပါနှင့်ကစားနေသည်။
"လူကြီးမင်းလေး ရှုံးသွားပြီ ရေးး "
"အင်း~ "
"လူကြီးမင်းလေ ဂုဏ်ပြုပါတယ် ကျွန်တော့်ကိုနိုင်သွားပြီ ရေးး"
"အင်း~ "
ဘာပဲပြောပြော ဒီ'အင်း'တစ်လုံးပဲပြောနေသော လူကြီးမင်းလေးမှာအမှန်တကယ်ပင် အ,များအ သွားပါပြီလား။
ရုတ်တရက်အခန်းတံခါးကိုဖွင့်သံကြားလို့ နှစ်ယောက်လုံးပြိုင်တူလှည့်ကြည့်မိတော့ ကုန်းကျွင်းဖြစ်နေလေသည်။ အခန်းထဲရှိလူသုံးယောက်မှာ တစ်ယောက်နဲ့တစ်ယောက်ခဏလောက်စိုက်ကြည့်နေကြပြီးမှ ချွမ်ချိုးသတိဝင်လာသည်။ သူဒီမှာ ဘာထိုင်လုပ်နေတာလဲ၊လူကြီးမင်းလေးနဲ့လာဆော့နေတာ သခင်သိရင် အအော်ခံအဆူခံရတော့မှာပဲဆိုပြီး ထဖို့ပြင်လိုက်သည်။
သို့သော်လည်း ကုန်းကျွင်းက ပြန်ထိုင်ခိုင်းလိုက်ပြီး
![](https://img.wattpad.com/cover/283575581-288-k111291.jpg)
YOU ARE READING
1956'𝐬 _ _ _♡︎