Zawgyi Version
လေညှင်းသဲ့သဲ့လေးဟာ ဆိုင်ပြတင်းပေါက်ကနေတဆင့်တိုးဝှေ့ပြီး အတွင်းရှိလူတချို့ရဲ့ မျက်ရည်တွေကိုလူကျီစယ်လုပ်နေသယောင်။
"ကျန်းအဒေါ်ရယ် ..မငိုပါနဲ့တော့ "
ဘယ်လိုပဲ တားဆီးသော်လည်း မိခင်တစ်ယောက်ရဲ့မေတ္တာတရားသည်ကား တုနှိုင်းနိုင်ဖွယ်မရှိ။ကျန်းကျယ်ဟန်တစ်ယောက် သေလားရှင်လားမသိရသည့်အခြေအနေမှာ သူဘယ်လိုစိတ်အေးနိုင်ပါ့မလဲ။
သားဖြစ်သူရဲ့နာမည်တိုင်းကြားလိုက်ရတိုင်း စို့နင့်လာတဲ့ ရင်ဘတ်တစ်စုံ။သူကိုယ်တိုင်ဝမ်းနဲ့လွယ်မွေးဖွားခဲ့ရပြီး ဂရုတစိုက်ပျိုးထောင်ပေးခဲ့တဲ့ သားလိမ်မာလေး။ လိမ်မာသလိုရိုးသားလွန်းတယ် အရမ်းကိုကြည်လင်လှတဲ့ အဖိုးတန်ကျောက် လိုရတနာလေး အခုလိုရုတ်တရက် သေသလား၊ရှင်သလားမသိတဲ့ အခြေအနေမှာဖြစ်နေတာကြောင့် သူတကယ်ကိုရင်နာနာဖြစ်နေရပါသည်။
ဘေးမှာ မိခင်ဖြစ်သူအားချော့မော့နှစ်သိမ့်နေပေမယ့် သူကိုယ်တိုင်လည်း မျက်ရည်စတွေဝေ့သီနေတဲ့ ကလေးမလေးလည်းရှိတယ်။ ငယ်ငယ်ထဲက သူမဘဝမှာ အချစ်ရဆုံး ယောင်္ကျားလေးဆို အဖေဖြစ်သူနဲ့ အစ်ကိုဖြစ်သူသာရှိခဲ့သည်။
ကံအကြောင်းမလှစွာဖြင့် ငယ်စဉ်ကတည်းက အဖေနှင့်မကြီးပြင်းခဲ့ရသော ကျန်းယီရှန်းလေးရဲ့ ဘဝမှာ သူ့အစ်ကိုကျန်းကျယ်ဟန်ကသာ အဖေ၊အစ်ကို၊သူငယ်ချင်း ၊ယုံကြည်အားကိုးရတဲ့လူ တစ်ယောက်ပင်။ ငယ်စဉ်ကတည်းက အခုချိန်ထိအစ်ကိုဖြစ်သူနဲ့ တစ်ရက်တစ်လေတောင် မခွဲခွာခဲ့ဖူးခဲ့။ အမြဲလိုလိုအနားမှာရှိလျှင် စနောက်ရန်ဖြစ်နေခဲ့ပင်မဲ့ အစ်ကိုဖြစ်သူကိုတော့ ရင်နင့်အောင်ချစ်ရှာခဲ့ပါသည်။
ကိုကို ကိုကိုနှင့် အမြဲလိုလိုတဂျော်ဂျော်အော်ခေါ်နေခဲ့သော သူ့အသံလေးကို အခုလောက်ဆို အစ်ကိုဖြစ်သူလွမ်းနေပါရဲ့လား။
သူကတော့ အခုချိန်အကြားချင်ဆုံးက 'အားရှန်းကို လာရိုက်ပါအုံး အမေ'ဆိုတဲ့ အစ်ကိုဖြစ်သူရဲ့အသံကိုပါပဲ။ အခုအချိန်သာ ကျန်းကျယ်ဟန်ပြန်လာမယ်ဆိုရင် သူ့အစ်ကိုကိုထာဝရဖွက်သိမ်းထားလိုက်ဖို့ တွေးထားမိပါသည်။
![](https://img.wattpad.com/cover/283575581-288-k111291.jpg)
ESTÁS LEYENDO
1956'𝐬 _ _ _♡︎