♡︎ Cha 16 ♡︎

307 70 10
                                    

Zawgyi Version

တဒုတ်ဒုတ်နဲ့ခုန်မောင်းနေတဲ့ ရထားပေါ်မှာ ခရီးသည်တွေ တပုံတပင်။ကလေးတွေကို ပေါင်ပေါ်တင်ပြီး ချော့မြူနေတဲ့မိခင်တွေလည်းပါသလို သတင်းစာထိုင်ဖတ်နေတဲ့လူတွေရော၊တုန်ရီနေတဲ့ သက်ကြီးရွယ်အိုတွေရော အမြောက်အများရှိလို့နေသည်။

ရထားတွဲရဲ့တစ်နေရာမှာ ဘေးချင်းကပ်ရပ်ထိုင်နေတဲ့ ဝမ်မင်ယဲ့ နဲ့ ကျန်းယီရှန်းတို့လည်းရှိသည်။ရထားအပြင်ဘက်ကိုငေးမောနေတဲ့ ယီရှန်းကို မင်ယဲ့က နူးနူးညံ့ညံ့ကြည့်နေခဲ့တယ်။ဒီကောင်မလေးပုံစံအရဆို ရှုခင်းတွေကိုလက်ညိုးတထိုးထိုးနဲ့ပျော်နေခဲ့ရမှာ..အခုတော့ ဆွေးဆွေးမြေ့မြေ့နဲ့ .. မင်ယဲ့ သက်ပြင်းအသာချလိုက်မိသည်။

"အားရှန်း.."

မင်ယဲ့ ခေါ်သံကြောင့် ယီရှန်းက ကျနေတဲ့မျက်ရည်တွေကိုသုတ်ပြီး လှည့်ကြည့်လိုက်တယ်။

"ဟင် ..! အားရှန်း ငိုနေတာလား"

"မငိုပါဘူး"

"ညာနေပြန်ပြီ.."

"မငိုပါဘူးဆို"

ယီရှန်းမှာပြောရင်းနဲ့ အသံပါထွက်အောင်ငိုမိသွားသည်။မင်ယဲ့မှာ ကလေးတစ်ယောက်နဲ့တူတဲ့ ယီရှန်းကို ကြည့်ပြီး စိတ်မကောင်းသလို အသည်းတယားလည်းရှိနေပြန်သည်။မင်ယဲ့က မရဲတရဲဖြင့် ယီရှန်းကို သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး သူမ၏ခေါင်းလေးကို ခပ်ဖွဖွလေးပုတ်ပေးနေလိုက်သည်။

"မငိုနဲ့တော့..အားရှန်းက အပြုံးတွေနဲ့ပိုလိုက်ဖက်တာ"

"အီးဟီး.."

ကောင်မလေးကချော့လေငိုလေပင်။သို့ပေမယ့် မင်ယဲ့ ရင်ခွင်ထဲမှာရှိနေခြင်းက သူမ အတွက်စိတ်သက်သာရာရစေသည်။ သူမ မင်ယဲ့ ရင်ခွင်ထဲကနေ ရုန်းထွက်လိုက်ဖို့ စိတ်ကူးမရှိဘူး။သူမ ဝန်ခံပါတယ်။အစ်ကိုမင်ယဲ့ကို သူမ သဘောကျတယ်။
ဒါပေမယ့် .. အခုချိန်မှာ ကိုကို့ ကိုရှာတွေ့ဖို့ကသာ အဓိကမို့ အားရှန်း အစ်ကိုမင်ယဲ့ ကို သူမ သဘောကျနေကြောင်း ဖွင့်ဟမပြနိုင်သေးဘူး။ဒီတိုင်းလေးပဲ..အစ်ကိုမင်ယဲ့ဘက်ကလည်း သူ့ကိုသဘောကျနေမယ်ဆိုရင်တောင် ခဏလောက် အကူအညီပေးနိုင်တဲ့မိတ်ဆွေတွေအဖြစ်ပဲ နေပါရစေဦး။

1956'𝐬 _ _ _♡︎Where stories live. Discover now