♡︎ Cha 22 ♡︎

301 67 3
                                    

Zawgyi Version

ဟွယ့်ကျိုးမှာ မိုးတွေ အဆက်မပြတ်ရွာနေတယ်။မြေကွက်အလွတ်က မြေပုံလေးတစ်ခုနားမှာ ရပ်နေတဲ့ ယောက်ျားနှစ်ယောက်ရှိတယ်။လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး မြေပုံလေးရဲ့ရှေ့တည့်တည့်မှာ ရပ်နေတဲ့ ယောက်ျားလေးဟာ အံ့ကိုလည်းတင်းတင်းကြိတ်ထားပြီး ခန္တာကိုယ်ပေါ်ကျနေတဲ့မိုးစက်တွေကို လျစ်လျူရှုလို့ထားသည်။သူ့ဘေးနားက ယောက်ျားနောက်တစ်ယောက်ကတော့ မျက်ဝန်းသေတွေနဲ့သာ ရပ်ကြည့်နေခဲ့သည်။

မိုးကတစ်ဖြည်းဖြည်းစဲလာတယ်။ထိုလူနှစ်ယောက်လုံးဟာ ထိုနေရာမှာရပ်နေတုန်းပဲ။

ဝမ်မင်ယဲ့ ကျန်းယီရှန်းရဲ့ နောက်ဆုံးစကားကို ပြန်ကြားယောင်လာမိသည်။ဘာပဲဖြစ်ဖြစ်..သူမ ရဲ့ ဆန္ဒကို ပြည့်ဝစေချင်တယ်။

"အရာရှိယုံရှဲ့ ဆိုတာ ခင်ဗျားလား"

"ဟုတ်ပါတယ်"

အရာရှိယုံရှဲ့ ဆိုသောသူသည် အားရှန်းရဲ့ မြေပုံလေးကိုသာ ငေးကြည့်နေပြီး ပြန်ဖြေပါသည်။ဝမ်မင်ယဲ့ ဒီလူကို တစ်ခါမှမတွေ့ဖူးပေမယ့်လည်း ဒီလူဆီမှာ ကောင်းတဲ့အငွေ့အသက်တွေကိုရတယ်။အားရှန်းရော ဒေါ်လေးကျန်းကပါ အားကိုးနေတာဆိုတော့ ဒီလူဟာ အားရှန်း ဆန္ဒကိုဖြည့်ဆည်းပေးနိုင်လောက်မယ်ထင်ပါတယ်။

"အားရှန်း ဒီကိုဘာကိစ္စနဲ့ရောက်လာတာလဲ ခင်ဗျားသိလား"

သူပြောတော့ ထိုလူက ခေါင်းခါပြသည်။ကြည့်ရတာ ဒီလူလည်း စိတ်နဲ့လူနဲ့မကပ်ပုံပဲ။

"ခင်ဗျားကိုလာရှာတာ"

ထိုစကားကြောင့် ယုံရှဲ့က အသိပြန်ဝင်လာတဲ့ လူလိုမျိုး သူ့အားစကားပြောနေတဲ့ ကောင်လေးကို လှည့်ကြည့်လိုက်သည်။အားရှန်းနဲ့တူတူပါလာတဲ့ ဒီကောင်လေးက အားရှန်းနဲ့ဘယ်လိုပတ်သတ်တာလဲ။

"မင်းက ဘယ်သူလဲ"

"အခုချိန်မှာ ကျွန်တော်ဘယ်သူလဲက အရေးကြီးတာလား? အားရှန်း ခင်ဗျားကိုဘာလို့လာရှာလဲဆိုတာမမေးတော့ဘူးလား"

"....."

ယုံရှဲ့နှုတ်ဆိတ်သွားမိသည်။ထိုအခွင့်အရေးကိုယူပြီး မင်ယဲ့ကစကားကိုဆက်ပြောသည်။

1956'𝐬 _ _ _♡︎Where stories live. Discover now