♡︎ Cha 27 ♡︎

267 59 5
                                    

Zawgyi Version

ကျန်းကျယ်ဟန်တစ်ညလုံးအိပ်မပျော်နိုင်ခဲ့ပဲ မနက်မိုးလင်းခါနီးမှ အိပ်ပျော်သွားခဲ့တာကြောင့် သိပ်တော့မလန်းဆန်းခဲ့။ သူနိုးလာတော့ မီးဖိုချောင်ထဲမှာ ခေါင်းတကုတ်ကုတ်နဲ့ ချွမ်ချိုးကိုတွေ့လိုက်ရသည်။ကျန်းကျယ်ဟန် ခဏပြုံးမိပြီးရပ်ကြည့်မိသည်။
ရုတ်တရက်သူ့နားထဲပြန်ကြား‌ယောင်လာတာက လော့ချွမ်ချိုးက သူ့မိသားစုရဲ့သေဆုံးမှုနဲ့ မကင်းတဲ့လူတစ်‌ယောက်ပဲ။ကျန်းကျယ်ဟန်ပြုံးနေသော အပြုံးကချက်ခြင်းရပ်တန့်လို့သွားပြီး သူတစ်စုံတစ်ခုကိုတွေးတောမိလိုက်သည်။

သူ့ရဲ့စိတ်တွေက တကယ်ကိုပဲ အောက်တန်းကျလွန်းနေပြီလား။မနေ့ညကလည်း ကုန်းကျွင်းကိုသတ်ပစ်ဖို့လုပ်ခဲ့မိသေးတယ်၊အခုလည်း ချွမ်ချိုးအပေါ်မကောင်းကြံဖို့စဉ်းစားမိသည်။ တကယ်ဆို ကုန်းကျွင်းရောချွမ်ချိုးရော အပြစ်မကင်းကြဘူးဆိုပေမယ့်လို့ အပြစ်ရှိတဲ့လူတွေတော့မဟုတ်ပါလေ။

ဒီဖြစ်ရပ်အတွက် သူမည်သူ့ကို အပြစ်သွားဆိုရအံ့နည်း။ မှန်ကိုကြည့်ရင်းသာ အရာအားလုံးမင်းအပြစ်တွေချည်းပဲဆိုပြီး လက်ညှိုးပင်ထိုး၍‌ပြောချင်မိတော့သည်။ မည်သို့ပင်ဆိုစေကာမူ ကုန်းကျွင်းနှင့် ချွမ်ချိုးကိုမြင်လိုက်တိုင်း သူ့ရင်ဘတ်ထဲက နာကျင်မှုကိုတော့ လျစ်လျူရှုလို့မရစမြဲ။

ကျန်းကျယ်ဟန်အတွေးလွန်နေတုန်းမှာ သူနိုးလာတာကိုချွမ်ချိုးကမြင်သွားပြီး ‌အရင်စပြီးစကားခေါ်လေသည်။

"လူကြီးမင်းလေး .နိုးလာပြီလား.. မနေ့ညကအိပ်ရေးမဝဘူးလား"

ကျန်းကျယ်ဟန်သူ့နားလျှောက်လာပြီး စားပွဲပေါ်မှာတင်ထားတဲ့ အသီးအရွက်တွေနဲ့ မချက်ပြုတ်ရသေးတဲ့ဟင်းချက်ဖွယ်ရာတွေကို တစ်ချက်ကြည့်လိုက်သည်။

"အင်း..မနေ့ညက ငါသိပ်ပြီးအိပ်မပျော်လို့ "

"ဟုတ်လား..အပြင်ခိုးထွက်သွားပြီးပျော်လာပုံပဲ "

ကျန်းကျယ်ဟန်မျက်နှာ ချက်ခြင်းတည်ကျသွားသည်။သူ့ရင်ဘတ်ထဲက နှလုံသားတစ်စုံလုံးကို ဆွဲဆုတ်ဖြဲခံထားရသလိုပဲ။

1956'𝐬 _ _ _♡︎Tahanan ng mga kuwento. Tumuklas ngayon