♡ Cha 10 ♡

365 72 13
                                    

(Zawgyi version)

အားယူပြီးဖွင့်လိုက်တဲ့ မျက်လုံးတွေဟာ ဝေဝါးလို့နေတယ်။လက်ကောက်ဝတ်က နာကျင်မှုဟာ အသည်းထဲထိစိမ့်နေသလို၊အရိုက်ခံထားရတဲ့ခေါင်းကလည်း တစ်ဆစ်ဆစ်နဲ့ကိုက်နေသေးသည်။ထိုးကြိတ်ခံထားရတဲ့ မျက်နှာမှာလည်း ယောင်ယမ်းနေတဲ့ ဒါဏ်ရာတွေရှိနေမှာအမှန်ပင်။မနေ့ညက ဘယ်လိုတောင်ကံဆိုးလိုက်လေခြင်းလဲ။ကံကောင်းလို့ အသက်မသေတာ..။ ဟုတ်သားပဲ .. ညက သူ့ကိုကယ်ခဲ့တာ အရာရှိကျွင်းလား။

မျက်လုံးတွေကိုအားယူကာဖွင့်လိုက်ပြီး အကောင်းတိုင်းရှိနေတဲ့ လက်တစ်ဖက်ကိုအားပြုထောက်ကာ ထထိုင်လိုက်သည်။သူနဲ့ သိပ်ကိုမရင်းနှီးတဲ့နေရာကြောင့် ကျယ်ဟန့်မျက်မှောင်ကြုံ့လိုက်မိသည်။ခပ်မှိန်မှိန် အခန်းတစ်ခန်းထဲမှာ သူထိုင်နေတဲ့ ကုတင်တစ်လုံးရယ်..မနီးမဝေးက စားပွဲတစ်ခုရယ်သာရှိသည်။စားပွဲပေါ်က ဝါကျင့်ကျင့်မီးအိမ်က တစ်ခန်းလုံးကိုတောင် အလင်းရောင်မပေးနိုင်ပေ။ ပြီးတော့ သူ့အရပ်ထပ် အတော်မြင့်လောက်မယ့် နံရံအပေါ်နားမှာ အလင်းရောင်ဝင်နေတဲ့ ပြတင်းပေါက်တစ်ခုရှိသည်။ နေပါဦး..သူဘယ်ရောက်နေတာလဲ။

သူ့ကိုယ်သူပြန်ကြည့်တော့လည်း..လက်ကောက်ဝတ်က ဒါဏ်ရာဟာဆေးထည့်ပြီးပတ်တီးစည်းပေးထားတယ်၊အင်္ကျီကတော့ မနေ့ညက အတိုင်းပါပဲ။သူ အဖမ်းခံလိုက်ရတာတော့မဟုတ်ဘူးမလား။

အမျိုးမျိုးအဖုံဖုံတွေးတောနေတုန်းမှာပဲ ကျွီခနဲမြည်သံနဲ့အတူ ပွင့်လာတဲ့တံခါးကြောင့် ကျယ်ဟန်မျက်လုံးအနည်းငယ်စူးသွားမိသည်။သူရောက်နေတဲ့အခန်းကမှောင်နေတာကြောင့် အပြင်ဘက်ကအလင်းရောင်သဲ့သဲ့ကိုတောင်မကြည့်နိုင်တော့ဘူးပဲ။
ထိုဝင်လာတဲ့သူ တံခါးပြန်ပိတ်ပြီး သူ့အရှေ့ကိုလျှောက်လာတော့မှ ကျယ်ဟန်က မျက်လုံးဖွင့်ကာမော့ကြည့်လိုက်သည်။

"မင်း..မင်းဘယ်သူလဲ"

သက်ပြင်းချလို့ ဆက်ပြီးရပ်နေမြဲလူဟာ ကျယ်ဟန့်အမေးကိုပြန်မဖြေခဲ့ပါ။ထိုအစား စကားတစ်ခွန်းကိုတော့ပြောလာသည်။

"စိတ်တော့မကောင်းပါဘူး..မင်းကတော့ ဒီနေ့ကစပြီး ငရဲထက်ဆိုးတဲ့နေ့ရက်တွေကိုကျော်ဖြတ်ရတော့မယ်"

1956'𝐬 _ _ _♡︎Where stories live. Discover now