♡︎ Cha 26 ♡︎

294 59 5
                                    

Zawgyi Version

မျက်နှာကျက်မှာပေါ်နေတဲ့ ပုံရိပ်တွေဟာ အနှေးပြနေတဲ့ ကားချပ်တွေလိုမျိုး ပြုံးရယ်နေတဲ့ လူတစ်ယောက်ရဲ့ပုံရိပ်တွေဟာ တစ်ခုပြီးတစ်ခုဖြတ်သန်းသွားသည်။အခန်းတစ်ခုလုံးဟာလည်း တိတ်ဆိတ်မှုကလွဲရင်ဘာမှမရှိ။ ကုတင်ပေါ်မှာ ဖြစ်ကလဲ့စမ်း လှဲနေတဲ့ လူတစ်ယောက်ဆီမှာလည်း အရာအားလုံးဟာလေဟာနယ်ထဲလွင့်နေသလို ခံစားချက်မဲ့နေတယ်။ သူကိုယ်တိုင်တောင်သတိထားမိရဲ့လားပင်မသိတဲ့ မျက်ရည်တွေကလည်း မျက်လုံးထောင့်ကနေကျဆင်းနေသေးသည်။

တစ်ဖြည်းဖြည်းနဲ့ မျက်နှာကျက်ကပုံရိပ်တွေဟာ ပျောက်ချင်းမလှပျောက်ကွယ်သွားသည်။ယုံရှဲ့ မျက်လုံးတွေကို မှိတ်ဆင်းပစ်လိုက်တော့မှ သူမျက်ရည်တွေအတော်လေးကျနေမှန်းသိသွားခဲ့ရသည်။ ဒါပေမယ့် သူဒါတွေကို ဂရုမပြုမိတော့ဘူး။

အဖြစ်အပျက်တွေကမြန်ဆန်လွန်းတယ်။ ဟန်အာက အရမ်းကိုပြောင်းလဲသွားတယ်။ သူသိတဲ့ ဟန်အာက..သူ့အပေါ်ခံစားချက်ရှိနေတာသေချာပါတယ်..ဒါပေမယ့် အခုကဘာကြောင့်များလဲ ၊ ချစ်ရသူတောင်ရှိနေပြီတဲ့ ။ပြီးတော့..ဟန်အာက ဘယ်ကိုထွက်သွားပြန်တာလဲ။ မနေ့က သူ့ကို လှည့်စားပြီး ထွက်သွားခဲ့တဲ့ ဟန်အာက တကယ်ပဲ ဘာတွေလျှောက်လုပ်နေခဲ့တာလဲ။ ဘယ်လိုနေရာမှာများပုန်းနေလို့ သူတောင်လိုက်ရှာလို့မတွေ့ရတာလဲ။

သူ့စိတ်တွေက အရမ်းကိုရှုပ်ထွေးနေတယ်။ဟန်အာက ပျောက်သွားခဲ့တာ ဘာကြောင့်လဲ၊ ပြီးတော့ အခုသူကိုယ်တိုင်ထွက်သွားတာကရော ဘယ်နေရာလဲ၊ ဟန်အာချစ်နေတဲ့သူဆိုတာကရော ဘယ်သူမို့လို့လဲ။

ယုံရှဲ့ ချက်ချင်းပဲထထိုင်ပြီး အကြောင်းအရာတွေကို လေးလေးနက်နက်ပြန်တွေးနေလိုက်သည်။ ဟန်အာထွက်သွားတာ သွေးရိုးသားရိုးမဟုတ်ဘူးလို့ သူ့စိတ်ထဲက ထင်နေမိသည်။ ပြီးတော့ မှ သူ့ခေါင်းထဲကအတွေးတွေကို ချက်ချင်းပဲဖယ်ထုတ်ပစ်လိုက်တယ်၊ သူကဘာကိစ္စ ဟန်အာ့ကို သံသယဝင်နေတာလဲ ။

သူအခုချိန်မှာ နောင်တအကြီးအကျယ်ရနေမိသည်။မထိရက်မကိုင်ရက်နဲ့ မြတ်နိုးခဲ့ရသူမို့..ဒီအန္တာရယ်များတဲ့အမှုကြီးပြီးမှ ဖွင့်ပြောဖို့အတွက် ဆုံးဖြတ်ထားခဲ့တာ၊တကယ်ဆို သူဟိုးအရင်ထဲကဖွင့်ပြောခဲ့ရမှာ။ အခုတော့ ဘာမှအဖက်ဆည်လို့မရတော့ဘူး။ ဟန်အာ့မှာ ချစ်သူတောင်ရှိနေပြီဆို..သူတကယ်ပဲ လက်လွှတ်ပေးလိုက်ရတော့မှာလား။

1956'𝐬 _ _ _♡︎Where stories live. Discover now