♡︎ Cha 5 ♡︎

362 83 2
                                    

Zawgyi Version

ထမင်းစား စားပွဲ‌ဝိုင်းကြီးတွင် လူငါးယောက်အတူရှိနေပြီး စားသောက်စရာတွေက ဖွယ်ဖွယ်ရာရာရှိလှသည်။ ကုန်းကျွင်းရဲ့ ညာဘက်မှာ ယုံရှဲ့ကထိုင်နေပြီး ဘယ်ဘက်မှာတော့ ကျန်းကျယ်ဟန်ရဲ့မိခင်ဖြစ်သူထိုင်နေလေသည်။ ကျန်းကျယ်ဟန်ကတော့ သေချာပေါက်ပြောစရာမလို ယုံရှဲ့ဘေးမှာပေါ့။

ထမင်းစားဝိုင်းမစတင်ခင်ကတည်းက ယုံရှဲ့က သူ့ပုံစံအတိုင်းကျန်းကျယ်ဟန်ကို အသံတိတ်ဟင်းတွေထည့်ပေးနေလေသည်။မသိတဲ့လူကြည့်လျှင် သူကဒီအိမ်ရဲ့ တကယ့်သားအရင်းအတိုင်းပဲ၊ကုန်းကျွင်း သတိထားမိပေမယ့် မသိချင်ယောင်ဆောင်လိုက်သည်။

"လူလေး..ဒါစားကြည့် .."

ကုန်းကျွင်းနေရထိုင်ရခက်နေသည့် ထမင်းစားဝိုင်းတွင် သူ့ကိုပထမဆုံးဂရုစိုက်လာသည်က ကျန်းကျယ်ဟန်ရဲ့မိခင်ဖြစ်သည်။

"အဲ့ငါးက မဆိုးဘူး သားရဲ့. ဒေါ်လေးမနက်ကကိုယ်တိုင်လတ်လတ်ဆတ်ဆတ်ဝယ်လာတာ.."

"ကျေးဇူးတင်ပါတယ် ဒေါ်လေး.."

"လူလေးက အားရှဲ့နဲ့လုပ်ဖော်ကိုင်ဖက်၊ပြီးတော့ဟန်အာရဲ့မိတ်ဆွေဆိုတော့ ဒေါ်လေးတို့အတွက် သားတစ်ယောက်ရလိုက်သလိုပါပဲ..နောက်ဆိုအိမ်ကို ဝင်ပါထွက်ပါနော်.."

"ဟုတ်ကဲ့ .."

ကုန်းကျွင်းက စကားသိပ်အများကြီး ပြောလေ့ပြောထမရှိတာနေတဲ့ ကျန်းကျယ်ဟန်နဲ့ ယုံရှဲ့က ပထမတော့ထိုစကားပြောမှုထဲဝင်ရောက် စွပ်ဖက်မယ်စဉ်းစားထားပေမယ့် တိတ်တိတ်‌လေး ရန်သတ်နေကြတာကြောင့် သူတို့ဘာသာအလုပ်ရှုပ်နေကြသည်။

ကျန်းကျယ်ဟန်ရဲ့ရုပ်က စိတ်ကောက်နေတဲ့‌ကလေးငယ်သဖွယ်ဖြစ်နေတာကြောင့် ယုံရှဲ့က မထိတထိစနောက်နေသည်။ဟင်းတွေ သူထည့်ပေးလိုက်၊ငါပြန်‌ ရွဲ့‌စောင်းပြီးထည့်ပေးလိုက်နှင့် သူတို့ပန်းကန်ထဲဟင်းတွေပုံနေလေသည်။ ကျန်းယီရှန်းမှာ အစ်ကိုဖြစ်သူတွေကို ‌အရင်အော်လိုက်ရလေသည်။

"ကိုကို..အစ်ကိုယုံရှဲ့ ..နှစ်ယောက်သားအချစ်စမ်းမနေကြနဲ့လေ..ကြည့်အုံး ဧည့်သည်ပါတဲ့ထမင်းစားပွဲဝိုင်းမှာတောင် ဆော့နေကြတယ်"

1956'𝐬 _ _ _♡︎Dove le storie prendono vita. Scoprilo ora