♡︎ Cha 3 ♡︎

530 103 3
                                    

Zawgyi Version

ကောင်းကင်ထက်က နေမင်းကြီးကတော့ အရှိန်အဟုန်ကောင်းစွာမြင့်မြင့်မားမားတောက်လောင်ပြီးသည့်နောက်ဆုံးတော့ သူ့ရဲ့နေ့စဉ်တာဝန်အတိုင်းပဲ အနောက်ရပ်သို့ ဦးတည်ပြီး အရောင်မှိန်ဖျော့လာသည်။

နေဝင်ရီတရောအချိန်လေးမှာ လေညင်းလေးက တိုက်ခတ်ကာ သူ့အနားကို ကူလူကျီစယ်လုပ်သွားကြသေးတယ် ။ ‌နေမင်းကြီးနဲ့ မြေပြင်နဲ့ထိစပ်နေတဲ့ မိုးကုတ်စက်ဝိုင်းနေရာလေးကတော့ ကောင်းကင်နှင့်မြေကြီးလို မတူညီတဲ့ အရပ်ဒေသနှစ်ခုကို လှပစွာဖြင့် ဆက်သွယ်ပေးထားသည်။

အိပ်တန်းတက်ဖို့ ပြန်သွားတဲ့ ငှက်အော်သံတွေကြားတော့ ကောင်း‌ကင်ကိုမော့ကြည့်မိသေးတယ်၊မျက်စိတစ်မှိတ်အတွင်းမှာ သူတို့က ဤနေရာမှ ဖြတ်သန်းပြီး ပျောက်ကွယ်သွားကြလေပြီ။

ကျန်းကျယ်ဟန် အရမ်းမလေးသော ဖိုင်နဲ့ စာအုပ်အချို့ထည့်ထားသော လက်ဆွဲအိတ်လေးကို လက်နှစ်ဖက်ဖြင့်သယ်ရင်းဖြေးဖြေးချင်းလျှောက်နေသည်။သူ့ရဲ့ ဘေးကပ်ရပ်မှာ သူ့ကို ကလေးငယ်သဖွယ် မြတ်နိုးစွာဖြင့်ကြည့်နေသော သူငယ်ချင်းဖြစ်သူ ယုံရှဲ့လည်း ပါလာသည်။

ခဏကြာတော့ ယုံရှဲ့က သူ့လက်ထဲက လက်ဆွဲအိတ်ကို မပြောမ‌ဆို လှမ်းယူလိုက်သည်။ ကျန်းကျယ်ဟန်လည်း ယုံရှဲ့လက်ထဲက ပြန်လုမိသေးသည် သို့သော်လည်း နောက်ဆုံးတော့လက်လျော့လိုက်သည် ။
သူအပင်ပန်းသက်သာတာပဲလေ။

"ငါဘာသာသယ်နိုင်ပါတယ်..မသိရင် ကလေးကို ကျောင်းပို့ကျောင်းကြိုလုပ်ခံနေရတဲ့အတိုင်းပဲ "

ယုံရှဲ့ ပြုံးရုံမျှပြုံးလိုက်ပြီး သူ့ထက်အနည်းငယ်လောက်အရပ်ပုနေတဲ့ ကျန်းကျယ်ဟန်ရဲ့ နှဖူးကိုခပ်ပြင်းပြင်းတောက်လိုက်သည်။

"အိုက်ယား နာတယ်ကွ ! "

ကျန်းကျယ်ဟန် ရုတ်တရက်မို့အတော်လေးနာသွားပြီး နဖူးကို ပွတ်နေကာ ပါးစပ်ကလည်း ပွစိပွစိပြောနေသေးသည်။

"ကြည့်ပါလား ..မင်းလိုလူမျိုးကသာ ကလေးမဟုတ်ရင် ဘယ်သူက ကလေးဖြစ်တော့မှာလဲ "

1956'𝐬 _ _ _♡︎Where stories live. Discover now