♡ Cha 12 ♡

301 68 7
                                    

(Zawgyi version)

မြန်ဆန်လွန်းတဲ့ အဖြစ်အပျက်တွေကြောင့် ကျန်းကျယ်ဟန့်ဘာကိုမှလိုက်ပြီးမတွေးတောနိုင်ဘူးဖြစ်နေတယ်။ဘာလို့အရာရာဟာမထင်မှတ်ထားတာတွေပဲဖြစ်နေရတာလဲ။သူနိုးလာတော့ အခန်းထဲမှာဘယ်သူ့မှရှိမနေတော့၊လိုက်ကာတင်ထားတဲ့အပြင်ဘက်မှာ အလင်းရောင်အနည်းငယ်သာရှိတော့သည်၊.တရွေ့ရွေ့သွားနေတဲ့ သစ်သားနာရီကပ်တိုင်ကိုကြည့်မိတော့ အချိန်က ညနေ ၆နာရီ။အရင်က တစ်ခါတစ်လေ ဒီအချိန်ဆို သူ့အမေနဲ့ စကားတွေပြောပြီး အားရှန်းနဲ့ရန်ဖြစ်နေခဲ့မှာပေါ့ ။ အခုတော့ ဘယ်သူ့မှမရှိတဲ့အခန်းထဲမှာ သူတစ်ယောက်ထဲ။ပျော်ရွှင်မှုဆိုတာ ဘာမှမရှိ။နွေးထွေးမှုဆိုတာ ဝေးလေစွ။

သူ့ဘဝက တကယ်ကိုအဓိပ္ပာယ်မဲ့နေတယ်လို့ခံစားရတယ်။သူအရင်လို အမေနဲ့ ညီမလေးကိုစောင့်ရှောက်ပေးရင်း ကလေးတွေကို စာပြန်သင်ပေးချင်တယ်။ပြီးတော့ ယုံရှဲ့..သူယုံရှဲ့ကိုလည်း အရမ်းလွမ်းတယ်။ ဒါတွေအားလုံးကို တွေးမိတာနဲ့ ဦးနှောက်ထဲရောက်လာတာ ထိုမကောင်းဆိုးဝါးကောင်။သူ့ရဲ့ အရာအားလုံးကိုဖျက်စီးပစ်နေတဲ့ မကောင်းဆိုးဝါးလိုကောင်။ သူ အဲ့ဒီမကောင်းဆိုးဝါးကောင်ကို မုန်းတယ်။

စပ်ဖြင်းဖြင်းဖြစ်လာတဲ့ နှုတ်ခမ်းတွေကြောင့် မနေ့ကမှဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်ကိုပြန်မြင်ယောင်လာပြီးထိုမကောင်းဆိုးဝါးကောင်အားကြောက်ရွံ့စိတ်တွေဝင်လာပြန်သည်။သူက အရမ်းကြောက်ဖို့ကောင်းတယ်။

ကျန်းကျယ်ဟန့် ရုတ်တရက် အတွေးတစ်ခုဝင်လာတယ်။မရှိရှိတဲ့အားနဲ့ အတင်းထလိုက်ပြီး လမ်းလျှောက်လို့သိပ်အဆင်မပြေသေးတဲ့ ခြေထောက်နဲ့ ပြတင်းပေါက်နားကို တရွေ့ရွေ့သွားနေမိသည်။ခြေထောက်က တစ်ချက်ထောက်လိုက်တိုင်းနာကျင်ပေမယ့်..သူ ဒီထဲမှာတော့ တစ်သက်လုံး အပိတ်မခံချင်ဘူး။

ပြတင်းပေါက်ကနေကြည့်မိတော့ ကြီးမားလွန်းတဲ့ခြံဝန်းကြီးကိုအရင်မြင်လိုက်ရသည်။ဒီခြံဝန်းကိုမဖြတ်ခင် သူပြန်မိသွားလောက်လား။ဘာပဲဖြစ်ဖြစ် မကြိုးစားကြည့်ဘဲနဲ့ဘယ်အရာမှဖြစ်နိုင်မှာမဟုတ်ဘူး။

1956'𝐬 _ _ _♡︎Kde žijí příběhy. Začni objevovat