Zawgyi Version
မြို့အပြင်ဘက်က တိတ်ဆိတ်နေသောဂိုထောင်တစ်ခုထဲတွင်
"ခေါင်းဆောင်..ဒီညပစ္စည်းပို့တာကို လုပ်မှာလား"
"ဟုတ်တယ် ဒီညပဲ..လုံးဝလွဲမှားလို့မရဘူးနော်! ဒီတစ်ခါလွဲမှားရင် ခေါင်းဆောင်အစ်ကိုချွမ်ချိုးက ပြောတယ်.. သခင်ကငါတို့ကိုတကယ်သတ်လိမ့်မယ် တဲ့"
"ဟုတ် ကျွန်တော်တို့ သတိထားပါ့မယ်"
"ဒါနဲ့ဟိုယုံမျိုးနွယ်အရာရှိကရော .."
"ကျွန်တော်တို့သတ်ပြီး လမ်းမပေါ်ပစ်ခဲ့ပါတယ်..ဒါပေမယ့်သူတို့ကတရားဝင်ထုတ်မပြောကြပါဘူး ..ဒါပေမယ့်အဓိကရဲအရာရှိတွေက သိနေပုံပါပဲ .ကုန်းမျိုးနွယ်အရာရှိက ကျွန်တော်တို့ကို ရှာဖွေနေပါတယ် "
"ကောင်းတယ် အခွင့်သင့်ရင် အဲ့ကောင်ကိုပါရှင်းပစ်လိုက် "
"ဟုတ်ကဲ့ ! "
"လောလောဆယ် ဒီညကိစ္စကိုပဲ အာရုံစိုက် ! သွားလို့ရပြီ "
သူအမိန့်ပေးလိုက်တာနဲ့ ထိုလက်အောက်ငယ်သားလေးမှာ တမဟုတ်ချင်းထွက်သွားပြီး အရိပ်အငွေ့လေးတောင်မကျန်ခဲ့တော့ပေ။
•
စူကျိုးမြို့ကျောင်းဆင်းချိန်တွင် ကျောင်းသားကျောင်းသူတွေ အကုန်လုံး အိမ်ပြန်ရန်လောနေကြပြီး အမြန်သူ့ထက်ငါအရင်သွားနေကြလေသည်။ထိုစဉ်ကျောင်းသားလေးတစ်ဦးက ကျောင်းလွှတ်တာတောင် စာထိုင်စစ်နေသေးသည့် အပြုံးချိုချိုလေးနှင့်ဆရာလေးအား သွားနှုတ်ဆက်သေးသည်။"ဆရာ..မပြန်သေးဘူးလား "
"အင်း အမှတ်စစ်စရာလေးရှိသေးတယ်..အိမ်ကိုသယ်မသွားချင်လို့လေ"
"အများကြီးကျန်သေးတာ နောက်ကျနေလိမ့်မယ်..ကျွန်တော်စောင့်ပေးမယ်လေ "
"လိမ္မာလိုက်တဲ့ကောင်လေး...မလိုပါဘူး မင်းအိမ်ပြန်နောက်ကျနေလိမ့်မယ်..ဆရာက အကျင့်ဖြစ်နေပြီ "
"ဟုတ် ဟုတ် ဆရာ.ဒါဆိုကျွန်တော်ပြန်နှင့်ပြီနော် "
ကျန်းကျယ်ဟန်လည်းထိုကလေးကို ခေါင်းငြိမ့်ပြလိုက်ပြီးနှင့် ကျန်ရှိသည့်စာအုပ်တွေကို စစ်နေခဲ့သည်။
![](https://img.wattpad.com/cover/283575581-288-k111291.jpg)
KAMU SEDANG MEMBACA
1956'𝐬 _ _ _♡︎