♡︎ Cha 9 ♡︎ (ပထမပိုင်း)

377 80 6
                                    

Zawgyi Version

ရေပြင်ညီမိုးကုတ်စက်ဝိုင်းကြီးဟာလှပလွန်းခဲ့ပါသည်၊နေ့တစ်နေ့ကလည်းတစ်နေ့ထက်တစ်နေ့ပိုမိုထူးခြားလှပလာတ်ပါသော်လည်း လူသားတို့သည် ကိုယ်ပိုင်နိစ္စဒူဝကိစ္စတို့ဖြင့်မအားလပ်နိုင်၍ထိုအလှအပသည်ကားအထီးကျန်လှစွာဖြင့် အနားမှာတည်ရှိသော်လည်း သီးသန့်ဖြစ်နေခဲ့သည်။

စူကျိုးမြစ်ကမ်းနားဘေးတွင် ငါးဖမ်းလှေများက ရေပြင်ညီမိုးကုတ်စက်ဝိုင်းအလှအပကို ကြည့်မအားလပ်ပဲ သူတို့ရဲ့စားဝတ်နေရေးအတွက်ပြေးလွှားနေရသည်။ထို့နည်းတူစွာ မြို့တွင်းမြင်းလှည်းမောင်းသမားအချို့မှာလည်း သူတို့ရဲ့ ကိုယ်ပိုင်လုပ်ငန်းတာဝန်တစ်ခုဖြစ်သော မြင်းလှည်းကို ပြင်ဆင်ပြီး ပြေးဆွဲရန် လုပ်ဆောင်နေလေပြီ။ မေပယ်သစ်ပင်တွေနှင့် တခြားလှပသော အပင်တို့၏အကိုင်းအခတ်‌ပေါ်က သာယာနာပျော်ဖွယ်မြည်သံပေးနေတဲ့ ငှက်ကလေးတွေကိုတော့ အရေးတယူမရှိကြသည်မှာတော့ ဝမ်းနည်းဖို့ကောင်းသည်။

သို့ပေမယ့် မိုးစင်စင်လင်းလာတဲ့အခါမှာတော့ ပြတင်းပေါက်နံဘေးက ငှက်ကလေးမြည်သံကို အာရုံစိုက်မိတဲ့လူရှိလာခဲ့ပြီ။ ကျန်းကျယ်ဟန် ပြတင်းပေါက်နားက သစ်ပင်မှာ တကျီကျီမြည်နေတဲ့ အပြာရောင်ငှက်ကလေးတစ်ကောင်ရဲ့ အသံကြောင့် ဆက်အိပ်လို့ မရခဲ့တော့။ သူနိုးနိုးချင်း ဆေးနံ့‌တွေ ရလိုက်တော့မှ သူအိပ်နေတာ သူ့အခန်းမဟုတ်မှန်း သတိရသွားလေသည်။

ချက်ခြင်း ထထိုင်လိုက်ကာ အိပ်ပျော်နေတဲ့ယုံရှဲ့နဖူးကိုစမ်းကြည့်လိုက်သည်။

//တော်သေးတယ် အဖျားမဝင်လို့//

ထို့နောက် ပြတင်းပေါက်ဘက်နားထသွားကာ သူ့အိပ်နေတာကို အနှောက်ယှက်ပေးတဲ့ကောင်ဆိုးလေးဆီကို သွားလိုက်သည်။တံခါးဖွင့်ကာ ဆေးနံ့တွေကို အပြင်ခဏလွင့်စင်စေကာ လေကိုတဝကြီးရှူရှိုက်မိသည်။တကယ်တမ်းက သူသက်ပြင်းချချင်နေတာ။ထိုအပြာရောင်ငှက်ကလေးကသူ့အနားရောက်လာပြီး သူ့လက်လေးပေါ်မှာ လာနားတော့ ကျန်းကျယ်ဟန်အရမ်းအံ့ဩသွားတယ်။လက်စသတ်တော့ ဒီကောင်လေးကအရမ်းကို သတ္တိရှိတာပဲ။

1956'𝐬 _ _ _♡︎Where stories live. Discover now