♡︎ Cha 11 ♡︎

380 70 8
                                    

Zawgyi Version

အခန်းငယ်ကျဉ်းကျဉ်းကထောင့်ငယ်လေးမှာထိုင်ပြီး သူ့ရဲ့တုံးအမှုကိုသုံးသပ်နေမိခဲ့တယ်၊ဘာလို့များအဲ့သလိုဖြစ်သွားရတာလဲ။ အခုလိုအခြေအနေကြီးကိုလက်ခံဖို့ ခက်ခဲလွန်းလှသည်။

ပထမဆုံးအကြိမ်တွေ့ဆုံကတည်းက ဒီလူကိုယုံကြည်မိခဲ့တယ်။ အမြဲတမ်းလိုလိုလေးစားအားကျပြီး မိတ်ဆွေကောင်းတစ်ယောက်လိုသတ်မှတ်ခဲ့တာလေ။ ဘာလို့များလဲ သူတို့ပဲတုံးအနေတာလား။ယုံကြည်မှုလွန်ကဲသွားတာလား။

မဟုတ်မှလွဲရော ကုန်းကျွင်းမှာများ မွေးချင်းအမွှာများရှိနေတာလား၊သူ့စိတ်ထဲဒီလိုမတူညီတဲ့လူနှစ်ယောက်ကို ဆက်စပ်ကြည့်လို့မရဘူးဖြစ်နေသည်။

"အား မသိဘူး ခေါင်းရှုပ်လိုက်တာ .."

ထို့နောက် ကုန်းကျွင်းပြောတဲ့စကားတွေကို သေချာစဉ်းစားမိတယ်။သူကိုယ်တိုင်ကသေချာပေါက်ဒီအလုပ်တွေကို လုပ်နေတယ် ဝန်ခံခဲ့တာ။ကျန်းကျယ်ဟန် လက်ကောက်ဝတ်ကဒဏ်ရာကိုကြည့်ရင်း စိတ်ရူးပေါက်လာမိခဲ့ပါသည်။ သတ်လိုက်ပါလား၊ဘာလို့ဒီလိုထားထားရတာလဲ။အခုလိုအခြေအနေကြီးက သူဒီအထဲမှာဒီတိုင်းထိုင်နေရင်း အမေနဲ့ညီမ စိုးရိမ်ပြီးတစ်ခုခုဖြစ်မလား စိုးရိမ်ရသလို၊ယုံရှဲ့တစ်ခုခုဖြစ်မှာလည်း စိုးရိမ်ရသေးသည်။

ဟုတ်တယ် ၊အဲ့လူယုတ်မာရဲ့အဓိကရည်ရွယ်ချက်က သူ့ကိုအသုံးချပြီး
ယုံရှဲ့ကိုအပြတ်ရှင်းဖို့ပဲ။အကယ်၍သူ့ရဲ့ဖြစ်တည်မှုဆိုတာ မရှိခဲ့ရင် ယုံရှဲ့ကိုထိခိုက်အောင် လုပ်မရတော့သလို၊မိသားစုကိုလည်း အန္တရာယ်ပေးလို့မရတော့ဘူးမလား။ အဲ့တာကြောင့် ကုန်းကျွင်းက သူ့ကိုမသေအောင်ဂရုစိုက်ပြတာပဲ။သူသေသွားရင် ကုန်းကျွင်းဘာမှရမှာမဟုတ်တော့ဘူး။


ကုန်းကျွင်း ရုံးခန်းထဲမှာ အလုပ်ထိုင်လုပ်နေရင်း အရာရှိလေးတစ်ယောက်က စာတစ်စောင်ပို့လာသည်။

"ဆရာကုန်းကျွင်း ..ဒီမှာ အရာရှိယုံရှဲ့က စာပို့လိုက်ပါတယ်"

ကုန်းကျွင်း ချက်ချင်းလှမ်းမယူသေးပဲ စုတ်တံကိုင်ထားတဲ့လက်တွေကတင်းကျပ်လို့သွားသည်။

1956'𝐬 _ _ _♡︎Where stories live. Discover now