♡︎ Cha 15 ♡︎

304 66 8
                                    

Zawgyi Version

ကျန်းကျယ်ဟန်တစ်ယောက် အဝတ်အစားတွေဝတ်ပြီးနောက်မှာ အနည်းငယ်တော့ စိတ်ကျေနပ်မှုရသွားလေသည်။ အဝတ်အစားတွေက မဆိုသလောက်လေး ကြီးနေပေမယ့်လို့ ကျန်းကျယ်ဟန်ကတော့ ထိုကဲ့သလို့ပွပွယောင်းယောင်းလေးကို ပိုအဆင်ပြေသည်ထင်မိသည်။

ထို့နောက်မှာ အခန်းအပြင်ကိုထွက်လိုက်တော့ ကုတင်ပေါ်မှာအိပ်မောကျနေတဲ့ ကုန်းကျွင်းကိုတွေ့လိုက်ရတော့ စိတ်ထဲအနည်းငယ်ထူးဆန်းသွားသည်။

ထိုသူက သူ့ကိုမျိုးစုံသောဦးနှောက်ခြောက်စရာခံစားမှုတွေကို အလျဉ်းသင့်သလိုပေးတတ်ပါသည်။ ပထမဆုံးအချိန်တုန်းကတော့ သူ့ကိုလေစားစရာကောင်းတဲ့ အရာရှိတစ်ယောက်နဲ့တူပေသည်၊နောက်ပိုင်းကျတော့ ကြောက်လန့်စရာမကောင်းဆိုးဝါးတစ်ကောင်လို လူဆိုးတစ်ယောက်ဖြစ်နေ‌သည်။ အခုလိုအိပ်မောကျနေတဲ့အချိန်ကျတော့ ဘာအပြစ်မှမရှိတဲ့ရိုးရှင်းတဲ့ကောင်လေးတစ်ယောက်ကဲ့သလို့ပင်။ ကျန်းကျယ်ဟန်စိတ်ထဲမှတွေးမိလိုက်သည်။

//မင်းသာအဲ့သလိုလူကောင်းလေးတစ်ယောက်ဆိုရင် ငါမင်းအနားကထွက်ပြေးချင်မိမှာမဟုတ်ဘူး//

ထို့နောက် ကုန်းကျွင်းအစောပိုင်းက သူ့ကိုဘေးနားလာအိပ်ဆိုတဲ့စကားကိုမေ့သွားလျက် အောက်ထပ်ကိုဆင်းသွားတော့ ညစာပြင်ဆင်နေတဲ့ လော့ချွမ်ချိုးကိုတွေ့လိုက်ရသည်။

ဒီငပေါလေးကတော့စတွေ့တုန်းက ဟိတ်ကြီးဟန်ကြီးနဲ့ သူ့ကို ငရဲထက်ဆိုးမဲ့ နေ့ရက်တွေကိုကျော်ဖြတ်ရမယ်လေ ၊ဘာလေ ပြောပြီးတကယ်တမ်းကျတော့ ငရဲထက်ဆိုးတဲ့နေ့ရက်တွေကို ခံစားနေရတာ လော့ချွမ်ချိုးကိုယ်တိုင်ပင်။

တစ်နေ့တစ်နေ့ ကျန်းကျယ်ဟန်ပေါက်ကရလုပ်သမျှ၊မွှေသမျှကို သခင်ဖြစ်သူမသိအောင် ဖုံးဖိပေးရသေးသည်၊အနိုင်ကျင့်သမျှကိုလည်းခံရပါသေးသည်၊ သို့သော်လည်း လူကြီးမင်းလေး ဆိုတဲ့နာမ်စားကိုပါးစပ်ဖျားကမချ။

ကုန်းကျွင်းပြန်လာလို့ ကျန်းကျယ်ဟန်နဲ့ရန်ဖြစ်ပြီဆိုရင် သူ့မှာထောင့်လေးတစ်ထောင့်မှာ ကပ်ပြီးဝင်ဆွဲဖို့အစီအစဉ်ချနေရသေးသည်။ ပြီးလျှင်အနှီအတွဲက သူတို့အချင်းချင်းရန်ဖြစ်ပြီးဒေါသထွက်စရာမရှိသောကြောင့် အားလုံးက ချွမ်ချိုးခေါင်းပေါ်ပဲကျလာသည်။

1956'𝐬 _ _ _♡︎Dove le storie prendono vita. Scoprilo ora