Zawgyi Version
မှောင်မဲနေတဲ့ လမ်းသွယ်ထဲမှာ ပြေးလွှားနေတဲ့ လူနှစ်ယောက်ရှိတယ်။အရှေ့ကနေ ခြေကုန်သုတ်ပြေးနေတဲ့ လူအား အနောက်က လူဟာ ခပ်မြန်မြန်လိုက်ဖမ်းနေတယ်။ အနောက်ဘက်က လူရဲ့ မျက်နှာမှာ စိုးရိမ်မှုတွေ ၊ ကြောက်ရွံ့မှုတွေ အတိုင်းသားမြင်နေရသည်။
"ကျန်းလောင်ရှစ် ! ပြန်လာခဲ့"
သူပြောပေမယ့် အရှေ့ကလူဟာ ဆက်ပြေးနေဆဲ။ တစ်လမ်းပြီးတစ်လမ်း ကျော်သွားတယ်။ နောက်ဆုံး သူတို့အရှေ့မှာ ချောက်ကြီးတစ်ခုသာရှိတော့သည်။ အရှေ့ပြေးနေတဲ့လူဟာ ရပ်ပစ်လိုက်ပြီး သူ့ဘက်ကိုလှည့်ကြည့်သည်။
"မင်းလိုက်မလာနဲ့တော့ ! "
"ကျန်းလောင်ရှစ် ကျွန်တော် တောင်းပန်ပါတယ်၊ ပြန်လာခဲ့ပါ"
"မင်းကို အရှေ့မတိုးလာနဲ့လို့ပြောနေတယ်မလား"
ချောက်အစွန်းကိုပိုတိုးသွားတဲ့ လူကြောင့် သူ့မှာ ကြောက်ရွံ့စွာဖြင့် ရပ်နေမိသည်။ သူ့ရင်တစ်ခုလုံးဟာ ပူလောင်နေတယ်။ သူ့အရှေ့က လူကို ဆုံးရှုံးသွားမှာ သူအရမ်းကြောက်နေတယ်။ အဲ့ခံစားချက်က ဘာနဲ့မှလဲလှယ်လို့မရအောင်ပဲ။
"ကျွန်တော် တောင်းပန်ပါတယ်..ကျွန်တော်တို့ အိမ်ပြန်ကြမယ်လေ"
"အိမ် ? ဘယ်အိမ်လဲ ? ငါ့ကိုပိတ်လှောင်ထားတဲ့အဲ့ဒီနေရာကိုလား"
"မဟုတ်ဘူး..ခင်ဗျားအိမ်ကိုလေ"
"ငါ့အိမ် !"
အာရုံလွဲပြီးတာနဲ့ အရှေ့ကိုအမြန်ပြေးသွားလိုက်ပေမယ့် သူ့ထက်မြန်တဲ့ လူဟာ သူ့ကိုမြင်တော့ ချောက်ထဲကိုခုန်ချသွားခဲ့သည်။
အခုသူ့ရင်ထဲမှာ ဟာလာဟင်းလင်းဖြစ်လို့နေတယ်။ ဘာမှမရှိတော့သလိုမျိုး ။"ကျန်းလောင်ရှစ်!"
အက်ကွဲနေတဲ့ ကျယ်လောင်စွာအော်ဟစ်သံကိုလည်း ဘယ်သူမှမကြားနိုင်ခဲ့ဘူး.။
"ကျန်းလောင်ရှစ် ! "
"ကျန်းလောင်ရှစ် !! "
"ကုန်းကျွင်း ထပါဦး"
အသည်းအသန်လှုပ်နိုးနေတဲ့ လူကြောင့် ကုန်းကျွင်းမျက်လုံးတွေပွင့်လာခဲ့သည်။သူဟာ သူ့အရှေ့က ကျန်းကျယ်ဟန့်ကိုမြင်တာနဲ့ ချက်ချင်းပဲ ထပြီးတင်းကြပ်နေအောင်ပွေ့ဖက်ထားလိုက်သည်။
YOU ARE READING
1956'𝐬 _ _ _♡︎