( Zawgyi version)
စားပွဲပေါ်က သေနတ်ကို လှည့်ကစားနေရင်း တယ်လီဖုန်းကိုနားနားကပ်ကာ တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းတွေမှာ ခပ်ထေ့ထေ့အပြုံးတစ်ခုဖြစ်ပေါ်သည်။
"ကောင်းပြီလေ..နောက်တစ်ခါဆိုရင် အဓိကတာဝန်ယူထားတဲ့မင်း အပြစ်ပေးခံရမယ်"
တစ်ဖက်က ရိုရိုကျိုးကျိုးဖြင့် "သိပါပြီသခင် !" ဆိုတဲ့ စကားကို ဆုံးအောင်နားမထောင်တော့ပဲ တယ်လီဖုန်းအားချပစ်လိုက်သည်။
တစ်မြို့လုံးမှာ တယ်လီဖုန်းဆိုတာ ၁၀ လုံးပင်မပြည့်။သာမန်လူတန်းစားတွေက ကြေးနန်းရိုက်သုံးကိုသာသုံးကြပြီး ရာထူးအတော်မြင့်တဲ့သူတွေသာလျှင် တယ်လီဖုန်းကို သုံးနိုင်ကြသည်။ ဒါဆိုလျှင် ခုံပေါ်မှာခြေချိတ်ထိုင်ပြီး သေနတ်ကိုလှည့်ကစားနေတဲ့ သူဟာ သေချာပေါက် ပေါ့သေးသေးလူတော့မဟုတ်ပေဘူးပေါ့။
သေနတ်ကိုလှည့်ကစားနေတဲ့လက်အားရပ်လိုက်ပြီး ဝတ်စုံကိုခါကာ သေနတ်အား ခါးထဲထည့်ပြီး ဦးထုပ်ကို ခပ်ငိုက်ငိုက်စောင်းကာ အပြင်ဘက်ကိုဦးတည်သွားတဲ့ထိုလူ။သေချာတာကတော့ ထိုနေရာမှာ မည်သူမှရှိမနေခဲ့ပေ။
.
"တောက် ! ဒီကိစ္စကို သခင်ကဘယ်လိုသိသွားရတာလဲ၊ဒီလောက်သိုသိုသိပ်သိပ်ဖြစ်သွားတာတောင်မှ"
ခေါင်းဆောင်ဖြစ်သူဟာ အပေါ်ဝတ်ကိုချွတ်ကာ ကြမ်းပြင်ပေါ်ပစ်ချပြီးဒေါသတကြီးပြောနေတာကြောင့် လက်အောက်ငယ်သားတွေပင် တစ်ခွန်းမှမဟရဲ။
"သခင်က ငါတို့ထင်ထားတာထက် ပိုထက်မြက်ပြီး အန္တရာယ်များတဲ့သူပဲ၊ငါတို့ဘာလုပ်လုပ်သူကစောင့်ကြည့်နေသလိုမျိုး အကုန်လုံးကိုသိနေတယ်"
"သခင်က လုံးဝ လျှော့တွက်လို့မရတဲ့သူပဲ၊မင်းတို့ နောက်တစ်ကြိမ်အမှားထပ်မလုပ်မိစေနဲ့..မဟုတ်ရင် မင်းတို့အသက်တင်မကဘူး ငါ့အသက်ကိုပါငါအာမမခံနိုင်ဖြစ်သွားလိမ့်မယ် ၊ ကြားလား !! "
"ကြားပါတယ် ခေါင်းဆောင်"
ဒုစရိုက်စမားတို့နေရာသည်ကား အမြဲတစေ အမှောင်လွှမ်းနေသည်။သို့ပေမယ့် တစ်ချို့ဟာ အလင်းထဲနေရင်းနဲ့ အမှောင်ဘက်ခြမ်းက အကြီးစားလူရမ်းကားလည်းဖြစ်နေတတ်သည်။
YOU ARE READING
1956'𝐬 _ _ _♡︎