( Zawgyi version )
ခပ်အေးအေးအသံလေးကြောင့် ထိုသူရဲ့ရုပ်အသွင်အပြင်ကို စိတ်ထဲကနေခန့်မှန်းကြည့်နေတုန်းမှာပဲ မြင်းလှည်းတံခါးကိုဖွင့်ပြီးဝင်လာသူကြောင့် မျက်ခုံးတွေဟာပင့်တတ်သွားတယ်။အသံနဲ့လိုက်ဖက်အောင် အေးချမ်းတဲ့မျက်နှာမျိုးပင်ဖြစ်သည်။ဖော်ရွှေပုံပေါ်တဲ့ ထိုလူက သူ့အား ပြုံးပြလာတယ်။ထိုခဏမှာ သူ့စိတ်ထဲ တစ်စုံတစ်ရာကိုကောက်ချက်ချလိုက်မိသည်။ထိုလူရဲ့အပြုံးက သိပ်လှတယ်လို့ ။
တစ်ရွေ့ရွေ့သွားနေတဲ့မြင်းလှည်းထဲမှာ တစ်ချွင်ချွင်မြည်နေတဲ့ချူသံကလွဲရင် အရာအားလုံးကတိတ်ဆိတ်ခြင်းအတိ။ထိုအချိန်မှာပဲ မြင်းလှည်းသမားဦးလေးကြီးက မတိုးမကျယ်အသံနဲ့ မြင်းလှည်းထဲက တိတ်ဆိတ်နေခြင်းကိုဖြိုခွင်းလိုက်သည်။
"ဆရာလေး ကျောင်းဆင်းချိန်ကကြာပြီမို့လား ဘာလို့ဒီအချိန်ကြီးမှပြန်ရတာတုန်း"
"ကျောင်းသားလေးတစ်ယောက်ကျောင်းပျက်တာကြာနေလို့ သူ့အိမ်ကိုသတင်းသွားမေးတာပါဗျ အဲ့တာကြောင့် နောက်ကျသွားတာ"
ထိုလူရဲ့ စကားသံတစ်ခွန်းချင်းစီတိုင်းက အိပ်ယာဝင်ပုံပြင်ပြောပြနေသလိုမျိုး သိပ်ကိုနားထောင်လို့ကောင်းသည်ဟု သူ့စိတ်ထဲကနေတွေးနေမိသည်။
"သြော် .."
"ဒီက ကျောင်းဆရာလား"
ရုတ်တရက်ထွက်လာတဲ့အသံက မျက်နှာချင်းဆိုင်က ဂုဏ်ကျက်သရေအရှိန်အဝါ ရှိလွန်းနေတဲ့ ခရီးသည်ဆီကပင်။ကျန်းကျယ်ဟန့် အနည်းငယ်ပြုံးလို့ ခေါင်းငြိမ့်ပြမိသည်။
"ဟုတ်ပါတယ် .. ဒီက ခရီးသည်ကရော"
"ကျွန်တော်က နန်ကျင်းကပြောင်းလာတဲ့ရဲအရာရှိတစ်ယောက်ပါ"
ကျန်းကျယ်ဟန့်မျက်နှာက အနည်းငယ်ဝင်းလတ်သွားသလိုပင်။သူက ရဲအရာရှိတွေကိုသိပ်လေးစားတာ။အထူးသဖြင့်သူတို့က သူသိပ်မုန်းတဲ့ ဒုစရိုက်အလုပ်တွေကိုနှိမ်နင်းပေးနေတဲ့သူတွေမို့လို့လေ။
"အာ .. အရာရှိတစ်ယောက်ပဲ တွေ့ရတာဝမ်းသာပါတယ် နာမည်ရောဘယ်လိုခေါ်လဲမသိဘူး"
![](https://img.wattpad.com/cover/283575581-288-k111291.jpg)
YOU ARE READING
1956'𝐬 _ _ _♡︎