♡︎ Cha 21 ♡︎

429 77 5
                                    

Zawgyi Version

မနက်ခင်းနေရောင်ခြည်ပျပျလေးက အခန်းထဲကိုခွင့်ပြုလေခြင်းမရှိပဲတိုးဝင်လို့လာသည်။ငှက်‌ကလေးတစ်ချို့ကလည်း ပုံမှန်ထက်ပိုမိုတိတ်ဆိတ်စွာဖြင့် ပြတင်းပေါက်နားမှာနားခိုနေလေတော့သည်။ကုန်းကျွင်းသူ့ဘေးကကျောင်းဆရာသေးသေးလေးအား နေရောင်ရဲ့ရန်ပြုမှုမှ ကာကွယ်ဖို့အတွက် ရင်ခွင်ထဲပိုတိုးကပ်လိုက်အောင် ပွေ့ဖက်ထားလိုက်သည်။

ညကကုန်းကျွင်းရဲ့အကြမ်းပတမ်းအပြုအမူကြောင့် သူမှာအိပ်ပျော်နေရင်းနဲ့တောင်နာကျင်နေဆဲနှင့်တူသည်။ကျန်းကျယ်ဟန်မျက်နှာကနာကျင်သွားပုံပေါက်ကတာကြောင့် ကုန်းကျွင်းချွမ်ချိုးဆိုသည့်ကောင်စုတ်လေးကိုဒေါသထွက်သွားမိပါသည်။

(𝙰/𝙽 သူလုပ်ပြီးတော့ သူများကိုအပြစ်ပုံချနေတဲ့ လူဆိုးရယ်ပါ"3 )

မနေ့တုန်းက ချွမ်ချိုးပုံစံကထူးဆန်းတယ်ထင်ခဲ့တာ၊ဆေးမိပြီးမှ သူကောင်းကောင်းနားလည်သွားသည်။ဒါကြောင့်အခန်းထဲအမြန်ပြေးလာပြီးကိုယ့်ဘာသာကို ဖြေရှင်းတော့လည်းမရ။ကျန်းကျယ်ဟန်သာရောက်မလာရင် သူတော့တကယ်ကိုသွားပြီပဲ။

ချွမ်ချိုးခတ်တဲ့ဆေးက အတော်လေးပြင်းတာမို့ ကုန်းကျွင်းဘယ်နေ့ညက ကျန်းကျယ်ဟန်ကို ဘယ်နှကြိမ်လောက်ညှင်းဆဲခဲ့မိလဲမသိတော့။ပထမဆုံးအကြိမ်မှာတင်ပဲ အခုလိုဆိုးဆိုးဝါးဝါးဖြစ်သွားတော့ မွေ့ရာပေါ်မှာလည်း သွေးကွက်တွေက စွန်းထင်းစိုရွဲနေရော။ဘယ်လောက်တောင်နာကျင်သွားလိုက်မလဲ။

"ကျစ်~ဒီကောင်တော့ "

သူရဲ့ဒေါသအသံကိုကြားလိုက်တော့ ကျန်းကျယ်ဟန်နိုးလာခဲ့သည်။ကုန်းကျွင်းရင်ခွင်ထဲရောက်နေမှန်းသိတော့ အတင်းရုန်းထွက်လေသည်။

ထို့နောက် ကုန်းကျွင်းကိုကြောက်လန့်မှု၊ရှက်ရွံ့မှုအပြည့်မျက်လုံးကလေးတွေနဲ့ပေကြည့်နေသည်။ကုန်းကျွင်းပြန်စိုက်ကြည့်လိုက်တော့မှ ခေါင်းငုံ့သွားပြီးရင်ခွင်ထဲပြန်တိုးဝင်လာသည်။

ကုန်းကျွင်းအစောတုန်းက ချွမ်ချိုးအကြောင်းတွေးမိပြီး ဒေါသထွက်သွားလို့ပါးစပ်ကလွှတ်ခနဲသွားတာကို သူ့ကိုပြောသည်မှတ်ပြီး လန့်သွားပုံရပါသည်။

1956'𝐬 _ _ _♡︎Where stories live. Discover now