အပိုင်း ၂ အမှောင်ထဲမှာရယ်နေတဲ့ ပါးချိုင့်တွေ

429 38 11
                                    

"ပြန်ရောက်နေတာလား ညီညီ"

ကိုကြီး​၏ မျက်လုံးတို့တွင် မျှော်လင့်ချက်ရောင်ခြည်များ ရွှန်းလက်လျက်ရှိပြီး ကျွန်တော်က ခေါင်းညိတ်ပြတဲ့အခါ သူကပါးချိုင့်တွေပေါ်အောင် နှစ်လိုအားရ ရယ်နေ​၏။

ဝေးကွာခဲ့ကြသည့် ခုနစ်နှစ်အတွင်း အသက် (၃၂)နှစ်အရွယ် အမျိုးသားတစ်ယောက်အဖြစ် ကိုကြီးအားတွေ့ရသည့်အခါ လွန်ခဲ့သော ၇နှစ်ကအတိုင်း တစ်စုံတစ်ရာမှမပြောင်းမလဲရှိနေဆဲပင်။

မြတ်နိုးစရာ မျက်ခုံးမွှေးလေးတွေကအစ စင်းကော့နေတဲ့ နှာတံလေးအဆုံး၊ ပါးချိုင့်တွေနှင့် မျက်လုံးနက်နက်လေးတွေကိုတော့ အိုမင်းခြင်းနတ်ဘုရားဟာ ပန်းပေးထားပုံရရဲ့။ ကိုကြီးဟာ (၃၂) လို့မထင်ရအောင် အရွယ်တင်နေပုံများ ကိုကြီးစနောက်လာရင် ပြန်ခုခံစရာ အကြောင်းအရင်းရှာမရဘူးမဟုတ်လား။

"ကောင်သူငယ် မင်းရောစားပြီးပြီလား"
ဖွားဆာက ကိုကြီးအား မေးသည်။

ညနေ (၆)နာရီကျော်ခါစဖြစ်သော်လည်း မိုးကုတ်​မြို့လေးမှာ မှောင်ရီပျိုးနေလေပြီ။ အဘက ညဘက် စောစောထမင်းစားတတ်သူမို့ အမေ၊ ဖွားဆာနှင့် ကိုကြီးဝေတို့က အကျင့်ပါပြီး ညစာကို စောစောစားကြ​၏။

"မစားရသေးဘူး ဖွားဆာ"

"လာလေ အိမ်ပေါ်မှာစားကြမယ်"

"တော်ပြီ ဖွားဆာ၊ သားအိမ်မှာထမင်းချက်ထား..."

ကိုကြီးစကားမဆုံးခင်မှာ ဖွားဖွားကြီးက ကိုကြီး​၏ လက်ကို ဆွဲယူကာ အိမ်လှေကားဆီ ခေါ်သွားတော့သည်။

"လာပါဆို အိုက်တင်ခံနေတယ် ကောင်သူငယ်ရာ"

အဖွား၏ ညာဘက်တွင်ကျွန်တော်ရှိပြီး တစ်ဖက်မှာ ကိုကြီးလက်ကိုအတင်းဆွဲထား​၏။ အဖွားခေါ်တော့လည်း ကိုကြီးမှာ မတတ်သာဘဲ အိမ်ပေါ်ရောက်ခဲ့တော့လေသည်။

ကိုကြီးမှာ မိဘမဲ့ တစ်ကောင်ကြွက်။ သူ့မိဘနှစ်ပါးဟာ ငယ်စဉ်တောင်ကျေးကလေးဘဝထဲက တိမ်းပါးခဲ့တာမို့ ကိုကြီးက သူ့မိခင်​ဘက်က အမျိုးတော်သည့် ကြီးကြီးညွန့်နှင့် အတူနေခဲ့ရသည်။ ထိုကြီးကြီးမှာလည်း ကိုကြီး ဆယ်တန်းအောင်ပြီးသည့်နှစ်တွင် တိမ်းပါးခဲ့​၏။

ဘယ်ရီခင်းထဲက မျက်ရည်တစ်စက်ညနေМесто, где живут истории. Откройте их для себя