အပိုင်း ၁၉ နွေဦးကံ့ကော်၏ အိပ်မောကျသံ

156 24 2
                                    

စကားလေးပြောသလိုပင်၊

သူကိုယ့်နားကပ်ထိုင်သွားသလိုပင်၊

ဒီအတိတ်ဟောင်းစွဲကမ္ဘာလေးဟာ

ချစ်စရာလေးပါကွယ်၊ ချစ်စရာလေးပါကွယ်။

ထူးအိမ်သင်- နွေဦးကံ့ကော်

----------------------------

မေးခွန်း နံပါတ် (၄)။  ။ "ကိုလွင်ပြင်အေးပြောခဲ့တဲ့ ဒီအကြောင်းတွေကို မြင်ခဲ့တဲ့ မျက်မြင်သက်သေတစ်ယောက်ပဲရှိတယ်ဆို သူဟာဘယ်သူလဲ "

လွင့်လည်ပင်းတွေ သွေ့ခြောက်နေသည်။ ထိုစဉ် လွင်တံတွေးသေးသေးလေးမျိုချမိသောအခါ တံတွေးငယ်ဖြတ်သန်းစီးဆင်းသွားသည့် လည်ချောင်းကန္တာရတွင် ထွက်ပေါ်လာသည့် ဇလုတ်က မြည်သံတစ်ခုသည် အခန်းတစ်ခုလုံးကို လွှမ်းခြုံသွားပါသည်။

----------------------------

ထိုနေ့မှာ နွေဦးရာသီရောက်စ သစ်ရွက်တို့ တစ်စစ ကြွေကာစဖြစ်သည်။ တစ်ဆောင်းကုန်၊ တစ်နွေပြောင်း ရာသီအကူးအလူးများတွင် မိုးကုတ်ဆောင်းဟာ သစ္စာစောင့်သိတတ်သူပမာ မဖောက်မလွဲ အေးမြဲအေးဆဲပင်။

ဆယ်ကျော်သက်အရွယ် လွင်တို့ဟာ နွေပလီဦးတွင် စိတ်တို့ ဖောက်ပြားတတ်ကြသည်။ ထိုအချိန်များတွင် ကိုကြီးတို့ ဆယ်တန်းစာမေးပွဲ စဖြေကြရပြီ။

"နွေဦးရောက်ရင် ဇီးယိုများများစားရတယ်ရော့ လွင် "

မမိုးပြည့်က လွင့်အတွက် ဇီးယိုတစ်ထုပ်ကျွေး၏။ လွင်တို့ မိုးကုတ်တွင် နာမည်အကြီးဆုံး "မရန်"သီးစုံယိုထုပ် ဆိုင်ကပင်ဖြစ်သည်။ သူတို့ကတော့ စာစုကျက်နေကြသည်။ ထူးထူးက ဆယ်တန်းကို ဂုဏ်ထူးတစ်ခု၊ နှစ်ခုလောက် ရည်မှန်းသူဖြစ်သည်။ မမိုးပြည့်ကတော့ သုံးဘာသာလောက်ရပြီး အင်ဂျင်နီယာတက်ချင်သတဲ့။ ဒါဆို ကိုကြီးကရော...။

ဘဝမှာ မျှော်လင့်ရတာ သူ့အတွက် ပင်ပန်းတယ်လို့ သူခဏခဏပြောဖူးသလိုပဲ ဆယ်တန်းအတွက် သူသိပ်ပြီး မျှော်လင့်ထားပုံမရဘူး။ ကြီးကြီးကလည်း တစ််စစနှင့် ချူချာလာသလို ကိုကြီးကလည်း စာကို သိပ်အာရုံစိုက်မရဘူးမဟုတ်လား။ ကြီးကြီးကတော့ ကိုကြီးကို အောင်ရုံတင်ကျေနပ်ပါပြီ။ ကိုကြီးလည်း အောင်တော့အောင်မယ်လို့ လွင်လည်း မျှော်မှန်းထားပါရဲ့လေ။

ဘယ်ရီခင်းထဲက မျက်ရည်တစ်စက်ညနေWhere stories live. Discover now