ငါရင်တွေကွဲရပြီ
မထင်မှတ်တဲ့ အဖြစ်အပျက်တစ်ခု
ဒဏ်ရာဒဏ်ချက်များကြားမှာ
နင်ဟာငြိမ်သက်သွားပြီ....။ခရေလမ်းဒိုင်ယာရီ - နီနီခင်ဇော်
-------------------
"ငယ်ငယ် မရှိဘူးလား မမ"
"သူကျောင်းသွားတယ်လေ ကျောင်းမှာမရှိဘူးလား"
"ဟုတ်လား မမ... ကျောင်းမှာလည်း မတွေ့ခဲ့ဘူး မောင်ကိန်းက ဒီနေ့ လွင်ကျောင်းမတက်ဘူးတဲ့"
ကိုကြီးအသံကိုကြားပေမယ့် အခန်းထဲက မထွက်ဘဲ အသာလေးနားထောင်နေမိတယ်။ ကိုကြီးက စိတ်ပျက်လက်ပျက် ပြန်သွားတာလို့ မမကပြန်ပြောပြတာပဲ။
"ဘဒွေးငယ်က ဘာလိို့ လေးလေးသားသားကို ထွက်မတွေ့တာလဲဟင်"
"မင်းဘဒွေးကစိတ်ကောက်နေတာလေ သမီးငယ်ရဲ့"
လွင့်တူမအငယ်ဆုံးမေးတာကို လွင် ခပ်ချေချေပဲဖြေလိုက်ပြီး ကုတင်ပေါ်လှဲအိပ်လိုက်တယ်။
ကိုကြီးက လွင့်ကိုကျောင်းမှာလာရှာတယ်ဆိုတဲ့အကြောင်း ခုနကတည်းကမောင်ကိန်းကဖုန်းဆက်တယ်မဟုတ်လား။
အမေတို့ကိုစိတ်ကုန်လို့ပြီးတော့ ကျောင်းတက်ဖို့အတွက်လွင်မိုးကုတ်ကနေပြန်လာခဲ့တယ်။ မမိုးအေးအိမ်မှာပဲ ခါတိုင်းကိုယ့်အခန်းကိုပြန်နေနေလိုက်တာပါပဲ။ ထုံးစံအတိုင်း တစ်ခါတလေ ကလေးထိန်းလိုက်၊ ကျောင်းပို့ကျောင်းကြိုလိုက် လုပ်ရတယ်။
မမတူးကတော့ ရန်ကုန်ဆင်း၊ တိုက်ခန်းငှားပြီး ကျောက်ရောင်းကျောက်ဝယ်လုပ်ဖို့ စပြင်တယ်။ မိုးကုတ်မှာဆိုရင် ဘယ်လိုမှ တိုးတက်ဖို့မရှိနိုင်ဘူးမဟုတ်လား။ မိုင်းရှူးကလည်း ခေတ်ပျက်ခဲ့ပြီလေ။ ထူးထူးကတော့ လားရှိုးဘက်က မမိုးအေးတို့ဂိတ်မှာ ဝင်လုပ်ပြီး ဂိတ်မှူးလုပ်နေပြီ။
နှစ်တွေပြောင်းလာသလို လွင်တို့တွေလည်း ပြောင်းလဲလာခဲ့ပြီမဟုတ်လား။ အချိန်ဟာ လူ့ဘဝကို လှိုက်ပြီး စားနေတဲ့ အရာပဲလေ။
ဒီနေ့ လွင်ပထမဆုံး စိတ်ရောဂါကုဆရာဝန်ဆီသွားပြရတဲ့နေ့ဖြစ်တယ်။ ထို အခန်းကျဉ်းလေးဖြူဖြူလေးထဲက လွင့်အရှေ့တည့်တည့်တွင် အသက် (၅၀)အရွယ်၊ အသားခပ်ဝင်းဝင်း၊ အနက်ရောင်ကုဒ်အင်္ကျီကို သပ်ရပ်စွာ ဝတ်ဆင်ထားပြီး တည်ငြိမ်စွာထိုင်နေသော အမျိုးသမီး၏ အမည်မှာ ဒေါက်တာ ဒေါ်မျိုးသီရိကြွယ်ကို တွေ့ရပါတယ်။
YOU ARE READING
ဘယ်ရီခင်းထဲက မျက်ရည်တစ်စက်ညနေ
Romanceလွင်သိလား။ လိပ်ကလေးတစ်ကောင်က သူပေါက်ဖွားတဲ့ ကမ်းခြေရဲ့ သဲနံ့ကို လျက်ပြီး မှတ်ထားတတ်တယ်တဲ့။ ဘယ်ခရီး၊ ပင်လယ်တွေ ရောက်ရောက်ဘယ်လှိုင်း၊ ဘယ်လောက်ထန်ထန် တစ်ချိန်ချိန်မှာ အဲ့ကမ်းခြေကို ပြန်ရောက်လာတယ်။ လွင်ကရော ကိုကြီးဘဝရဲ့ လိပ်ကလေးလားဟင်။