အပိုင်း ၂၃ တိမ်

155 20 4
                                    

အချစ်ဆိုတာ လူတွေဘယ်လိုအဓိပ္ပာယ်ဖွင့်သလဲ။
လွင့်အတွက်အချစ်ဆိုတာ အစ်ကိုပဲ။
အစ်ကို့အတွက်ပဲ လွင်အသက်ရှင်ခဲ့တာ...။
-------------------------------
ဒီနေ့ လွင်တို့ တောင်တက်ကြမည်။ ပင့်ကူတောင်က လွင်တို့အိမ်ဘေးတင်မို့ ငယ်ငယ်ကတော့ အပတ်တိုင်းလိုလို ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းအတွက် လွင်တို့ တောင်တက်ကြ​၏။ ငယ်ငယ်ကတော့ ကလေးတွေပီပီမမောမပန်းတက်နိုင်ကြသည်။ ခုတော့ အသက်ကလေးက ၃၀ပြည့်ရုံမို့သာ လွင့်မှာ တောင်တက်ဖို့ စဉ်းစားတိုင်း သွေးပါတိုးချင်သည်။

နွေရိပ်စာသင်ပေးသည့် လျှိုထဲက ကလေးစုစုပေါင်း ခြောက်ယောက်ရှိသည်။ တစ်ခါတလေ လွင်ကပါ သင်္ချာဝင်ပြပေးရသည်။ အိုင်တီအင်ဂျင်နီယာသမားတစ်ယောက်က ခြောက်တန်းကလေးကို သင်္ချာတစ်ပုဒ်ရှင်းပြဖို့ တိုင်ပတ်ကြောင်းပြောလျှင် ရယ်ကြလိမ့်မည်။ သုတကတော့ အင်္ဂလိပ်စာဝင်သင်တတ်သည်။

သူတို့ဆေးခန်းလေးဟာ ဒီနယ်မှာ တစ်စွန်းတစ်စအောင်မြင်လာတာပဲ။ အရီးကိုယ်၌ကလည်း သားကို အများကြီး ပံ့ပိုးပေးလို့ထင်ပါရဲ့။ တစ်ခါက သင်္ကြန်မှာ ရေကစားပြီး သုတတို့အိမ်မှာတူတူရေဝင်ချိုးကြတာ အမှတ်ရပဲ။ အရီးအိမ်မှာ ထမင်းတွေစားပြီး တစ်ခါတလေ ညဘက်အထိ အရီးတို့အိမ်မှာ တီဗီကြည့်ခဲ့ကြဖူးသည်။ Wild force ပါဝါရိန်းဂျားကားကို လွင်တို့ ထမင်းလွတ်ဟင်းလွတ်ရူးခဲ့ဖူးသည်။

"တိမ်တွေပေါ်မှာရှိနေတဲ့ အန်နီမယ်ရီရန်း၊ ဝိုင်နိုဇောတွေ၊ ပါဝါရိန်းဂျားငါးကောင်၊ မင်းသမီးရှယ်လာရယ် အကုန်လုံးက သိပ်ခမ်းနားတယ်"

"Wild forceကတော့ ငယ်ဘဝရဲ့ပြယုဂ်တစ်ခုလိုပဲနော် ဘယ်အချိန်ကြည့်ကြည့် အဲ့လိုကြည့်ဖူးတဲ့အရွယ်လို ငယ်သွားအောင် သူကအဲ့ခံစားချက်ပေးနိုင်တယ်နော် ကိုငယ်"

"ဟုတ်ပါ့။ သုတ မင်း အနီရောင်ခြင်္သေ့ကိုသိပ်ရူးပြီး အနီခေါင်းကြီးစွပ်ပြီး စိန်ပြေးလိုက်တမ်းဆော့လို့ မှောက်ရက်လဲပြီးခေါင်းကွဲတာမှတ်မိလား"

"မှတ်မိတာပေါ့ ကိုငယ်ရာ... ကိုကြီးဝင်ထူပြီး အိမ်ထဲကို ပွေ့ပြီးချီသွားတာလေ။ ဒီမှာ အမာရွတ်လေးခုထိရှိသေးတယ်"

ဘယ်ရီခင်းထဲက မျက်ရည်တစ်စက်ညနေWhere stories live. Discover now