အပိုင်း ၁၆ တစ်စုံတစ်ရာ

163 22 4
                                    

တန်ခိုးရှိတဲ့ တစ်စုံတစ်ရာအလယ်မှာ တို့နှစ်ယောက် တွေ့ကြတယ်...။

ထူးအိမ်သင်၊ ကော်နီ - တစ်စုံတစ်ရာ

---------------------------
လွင်ဘာလို့ မေမေ့ကို မုန်းတာပါလိမ့်။ အဲ့ဒီမေးခွန်းအတွက် လွင့်မှာအဖြေမရှိဘူး။ လွင် မေမေ့ကို မုန်းနေတာ မဟုတ်တာလည်း ဖြစ်နိုင်တာပဲ။

သို့သော် လွင့် စိတ်ထဲမှာ လွင်မုဒိန်းကျင့်ခံရတာ မေမေတို့ကြောင့်လို့ပဲ တွေးမိသည်။ ဒါမှမဟုတ် လွင့်မှာ အဲ့လို့အကျင့်ခံဖို့ ကံပါခဲ့လေသလား။ သူများသားမယားကိုစော်ကားသူတွေဟာ အဖန်ဖန်အလဲလဲ ဘဝသံသရာမှာ အထုံပါလာတတ်ရိုးလား။ ဒါဆို လွင်ကပဲ အတိတ်ဘဝတွေမှာ သူများသားသမီးကိုစော်ကားခဲ့သလား။

မေးခွန်း (၁) ။ ။ လွင် ဘာလို့ မေမေ့ကိုမုန်းတာလဲ။

ထိုနေ့က မမိုးအေး​၏ မင်္ဂလာလက်ထပ်ပွဲနေ့မတိုင်ခင် တစ်ရက်ဖြစ်ပါသည်။ မမိုးအေးက ကျွန်တော့်ယောက်ဖ ကိုဝင်းသူနှင့် မန္တလေးမှာ ကျောင်းတက်ရင်း တွေ့ခဲ့ကြသူများဖြစ်​၏။ ချစ်သူဖြစ်တာကြာပြီဖြစ်သော်လည်း အဘတို့ကတော့ အစ်မကိုလက်မထပ်စေချင်ပေ။ သို့သော် လက်မထပ်လို့ကလည်း မရချေ။ အမှန်တော့ မမိုးအေးမှာ ကိုယ်ဝန်လနုနုလေးရှိနေပြီလေ။

မောင်စောဝင်းသူထွန်း
နှင့်
မမိုးမိုးအေး
တို့​၏
မင်္ဂလာလက်ထပ်ပွဲ
၁၉.၅.၂၀၀၉

မိုးကုတ်တွင် ပွဲတစ်ခုခုရှိပြီဆို အဲ့ရှေ့ရက်တွေမှာ အလုပ်အကိုင်နေ့ဟု ခေါ်ပြီး လူတွေအုပ်စုဖွဲ့ ချက်ပြုတ်ကြော်လှော် လုပ်ကိုင်ကြသည်။ ခုလည်း မမိုးအေး မင်္ဂလာဆောင်အတွက် အားလုံးစုပြီးလုပ်ကိုင်နေကြသည်။

"အိမ်ကောင်းဈာန်ရေ လာကူပါဦး"
အသက် (၁၅)နှစ်ရှိပြီ ဖြစ်သော ကိုကြီးမှာ နှုတ်ခမ်းမွှေးရေးရေးလေးတွေပေါက်နေပြီ။ ငယ်ငယ်ကပေတူးပြီး ညိုညစ်ညစ်အသားအရေကနေ ဖြူလာပြီး လူပျိုသိုးလေးဖြစ်လာတော့​၏။

လွင်တောင် ဒီနှစ်ထဲဆို (၁၃)နှစ်ပြည့်မှာမဟုတ်လား။ အမွှေးနုနုလေးတွေပေါက်နေပြီ။ ဒါပေမယ့် ကိုကြီးကတော့ လွင့်ထက်စာရင် တော်တော့်ကိုပြောင်းလဲသွားတာပဲ။ ပြီးတော့ ၉တန်းကျောင်းသားကြီး မောင်အိမ်ကောင်းဈာန်ကတော့ တော်တော့်ကို ကျောင်းမှာပေါ်ပြူလာဖြစ်တာပဲလေ။

ဘယ်ရီခင်းထဲက မျက်ရည်တစ်စက်ညနေWhere stories live. Discover now