ဇာတ်သိမ်း ဘယ်ရီလမ်းခွဲ

681 43 14
                                    


ခြောက်​သွေ့ပူ​လောင်သည့် အိမ်အပြန်လမ်းပင်။ လွင့်အတွက် အိမ်ဟာ ရန်ကုန်သာဖြစ်လာတော့​၏။ မမတူး၊ ကြီးကြင်သန်းနှင့် မမိုးပြည့်တို့ ရှိသော မြို့ပြကို လွင် တစ်ဖန်ဦးတည်ခဲ့ပြီ။

အပြန်လမ်းတစ်လျှောက် လွင့်နားထဲတွင်လည်း
* အချိန်မရှိ​တော့ဘူး၊ ​နေရာမရှိ​တော့ဘူး၊ ဒီ​နေရာတွင်အသက်ကို​ပေးခဲ့တယ်၊၊ ကိုယ့်တွန်သံကြားလည်းလှည့်မကြည့်နဲ့​တော့ * ဟူသော

ကဗျာအသံဟာ ဘယ်ရီခင်း​၏ကောင်းကင်ယံမှာပျံ့လွင့်​နေသည်။ (*...* မှာ မင်းထင်ကိုကိုကြီး​၏ ကဗျာဖြစ်သည်။)

"အချစ်ဆိုတာ သူ့ကို ကိုယ်ဘယ်လောက်ခွင့်လွှတ်နိုင်လဲပေါ်မှာ မူတည်ပါတယ်" ဟူသော အမေ့စကားကို လွင် ပြန်ပြန်ကြားယောင်နေရသည်။

ဘယ်ရီခင်း​၏ ည​နေခင်းမှာ ​တွေ့ရှိခဲ့ရသည့်နတ်ဘုရားတစ်ပါးကို လွင်တို့ဟာ ဆက်သစရာမရှိကြဘူးမဟုတ်လား။ ထိုစဉ် ဘယ်ရီခင်းတစ်ခုလုံး နတ်ဘုရား​၏ မွှေးရနံ့ ပျံ့သွားပြီး အ​မှောင်ထုဟာတ​ဖြေး​ဖြေး အားကြီးလာ​၏။

​"ပြေးစရာ​မြေမရှိတော့လျှင် ဘယ်ကို​ရှောင်ပုန်းကြမလဲ" ​ဟုမေး​တော့ ကိုကြီးဟာ​သေလိုက်ကြရုံ​ပေါ့ဟု ဖြေသည်။

ညက ကိုကြီးကို လွင်အိပ်မက်မက်သည်။ လွင်တို့​တွေည​နေခင်းတစ်ခုမှာ အတူရှိခဲ့ကြပြီး သူကအသား​ရောင်ဆွယ်တာကို ဝတ်ထားသည်။ အိပ်မက်​တော့မဟုတ်ဘူး။ အိပ်မက်လည်း ဖြစ်နိုင်​၏။

သူလိုက်လာတာလည်း ဖြစ်နိုင်သည်။
သူမလာတော့တာလည်း ဖြစ်နိုင်ပါ​၏။ ။

နေသစ်သွေး
၂၈ မတ်လ ၂၀၂၂
------------

🎉 You've finished reading ဘယ်ရီခင်းထဲက မျက်ရည်တစ်စက်ညနေ 🎉
ဘယ်ရီခင်းထဲက မျက်ရည်တစ်စက်ညနေWhere stories live. Discover now