အပိုင်း ၂၂ တစ်ရေးမှ မအိပ်လိုက်ရသူ

149 18 7
                                    

အိပ်မက်များလန့်နိုးတဲ့အထိ
တရေးမှ မအိပ်လိုက်ရသူ
ညင်သာများနဲ့ အချစ်တစ်ခုရဲ့
အတွေ့အထိပျောက်နေဆဲ....။

အဖော်မဲ့စကား- မဒီ
-------------------------------

"ဟုတ်တယ် လွင် ငယ်ငယ်ကကိစ္စတွေအပြီးမှာ ပထမဆုံးပဲ လွင့်စိတ်လွင့်ကိုယ်နဲ့ အဲ့ဒီကိစ္စကိုဖြစ်ခဲ့တယ်"

"အင်း"

"ကိုကြီးကတော့နားလည်မှာမဟုတ်ပေမယ့် လွင့်အတွက် အခုအကြိမ်က နှစ်တွေအကြာကြီးကြာနေခဲ့ပေမယ့်လည်း ခက်ခဲတုန်းပဲ။ ဘယ်လိုပြောရမလဲကွာ ... တစ်သက်လုံးဒီစိတ်အနာတရတွေနဲ့ပဲနေခဲ့တဲ့လူတစ်ယောက်က အဆင်ပြေမယ်ထင်လို့လုပ်ခဲ့မိပေမယ့်လည်း တကယ်တမ်းအဲ့အရာက ပိုဆိုးနေစေခဲ့တယ်"

ကိုကြီးမျက်နှာတွေပျက်နေတာ လွင်သိတာမို့ လွင်က ကိုကြီးကိုကြည့်နေရာကနေ မျက်နှာလွှဲပစ်ပြီး

"လွင် အဲ့ဒီလူအပေါ် တော်တော်ယုံကြည်ခဲ့တယ်၊ ယုံကြည်တယ်ဆိုတာကလည်း လွင်သူ့ကို သုံးနှစ်ကျော်နီးပါး သိကျွမ်းလာခဲ့ပြီး တစ်ယောက်ကိုတစ်ယောက် အတော်ခင်ခဲ့ကြတယ်"

သူ့နာမည်က သုဘုဏ်း။ လွင့်ထက် တစ်နှစ်လောက်သာ ကြီးသော်လည်း သူက လွင်တို့ကုမ္ပဏီိရဲ့ Human Resource ဋ္ဌာနရဲ့မန်နေဂျာ။ လွင် ဒီအလုပ်ကို စဝင်ကတည်းက သူနဲ့ရင်းနှီးခဲ့သည်။ တူတူအိပ်တယ်ဆိုကတည်းက တော်တန်ရုံရင်းနှီးမှုတော့ မဟုတ်ဘူး။ သူက လွင့်ကို အချိန်တော်တော်ကြာ ဂရုစိုက်နေခဲ့သည်။ ဒါကိုလည်း သူကိုယ့်ကိုချစ်တယ်လို့ ဝန်ခံမှ ကိုယ်လည်း သတိထားမိခဲ့တာပဲမလား။

"ယုံကြည်မှုတစ်ခုကြောင့် လွင်တို့တွေအတူအိပ်ခဲ့ကြတယ်လို့ဆိုလိုတာလား"

"အင်းဟုတ်တယ်... ကိုကြီးတို့လွင်တို့အသိပဲ။ လွင်တို့ရွယ်တူတွေ ကလပ်တစ်ခါတက်၊ ဘားတစ်ခါသွားပြီး ဟိုတယ်မှာ one night stand ကြတဲ့အချိန်မှာ အသက် ၃၀ အရွယ်မှပဲ ပထမဆုံးတူတူအိပ်ဖူးပြီး စိတ်ကင်ဆာရနေတယ်လို့ပြောရင် လွင့်ကိုလှောင်နေကြမှာပဲ"

လွင်ရယ်တော့ ကိုကြီးက မျက်စိပျက်မျက်နှာပျက်ဖြစ်နေ​၏။

"ရယ်စရာမဟုတ်ဘူး"

ဘယ်ရီခင်းထဲက မျက်ရည်တစ်စက်ညနေWhere stories live. Discover now