အပိုင်း ၂၇ - All Too Well

342 24 6
                                    

"Time won't fly it's like I'm paralyzed by it
I like to be my old self again but I'm still trying to find it ...
After plaid shirt day and night when you made me your own...
Now you mail back my things and I walk home alone"

All too well - Taylor Swift

................................

အရာအားလုံးဟာ ဖြစ်ပြီးရင် ပြန်ပြင်လို့မရဘူး။ ဒါဟာလည်း လောကနိယာမတစ်ခုပဲဆိုတာ လွင်တဖြည်းဖြည်းလက်ခံလာခဲ့တာ အသက် (၃၀)တောင် ရှိခဲ့ပြီ။ ဒီနေ့တော့သေမလားမသိဘူးဆိုသော စိတ္တဇနေ့ရက်များဟာ တစ်ရက်ပြီးတစ်ရက်ကုန်လွန်ခဲ့ပေမယ့် မသေဆုံးခဲ့ဘူးမဟုတ်လား။ သို့သော်လည်း ဒဏ်ရာအနာတရများကတော့ ကိုယ့်ဘဝကို တစ်ရစ်ပြီးတစ်ရစ်လှိုက်စားနေခဲ့ရတာများ ကြောက်စရာပင်။ ထိုကဲ့သို့ပင် လွင်ဟာ သေခြင်းတရားကို ခြောက်ခြားခဲ့ရဖူးသည်။

ဒီနေ့တော့ လွင်မိုးကုတ်ပြန်ရောက်ပြီးမှ ပထမဆုံးကျရောက်သော (၃၁)နှစ်ပြည့်မွေးနေ့ဖြစ်သည်။ ဆောင်းရာသီဖြစ်သော နိုဝင်ဘာလမှာ မွေးခဲ့သောကြောင့် ပတ်ဝန်းကျင်ရာသီဥတုဟာ အေးစိမ့်နေသည်မှာတော့ ပြောစရာမလိုဘူးမဟုတ်လား။ မှန်​၏။ လွင့်မွေးနေ့ပြီးလို့ သုံးရက်မြောက်နေ့ဟာ ကိုကြီးမွေးနေ့ပင်။

မွေးနေ့ဖြစ်သောကြောင့် ဒေါ်နန်းကြည်တောင်ပေါ်က ဘုရားမှာ ငွေ ၃၁၀၀ လှူရမည်ဖြစ်၍ လွင် ကိုကြီးနှင့်အတူ ဒေါ်နန်းကြည်တောင်ပေါ်တက်ခဲ့သည်။ ဒေါ်နန်းဟာ သူ့အစ်ကိုနှင့်ဆွေမျိုးများ သေကြေပျက်စီးပုံကို မြင်ပြီးဒီတောင်ပေါ်မှာ ဆွေးမြေ့ကြေကွဲခဲ့ပုံကြောင့်လား။ လွင်ဒီဒေါ်နန်းကြည်တောင်ပေါ်ရောက်တိုင်း အမြဲလွမ်းပြီး သတိရသည်။

လွင်တို့တွေ ခပ်သွက်သွက်ပင် တောင်ပေါ်ဘုရားမှာ လှူခဲ့ကြသည်။ ပြီးတော့ တောင်ကနေ ဟိုးခပ်ဝေးဝေးက ရှူမျှော်ခင်းတွေကို မြင်ရနိုင်သည့် ထိုင်ခုံဆီမှာ ထိုင်လိုက်သည်။

"လွင်ပြောစရာရှိတယ်"

"အင်း ပြောလေ..."

ကိုကြီး လက်ကလေးကို လွင် တင်းတင်းလေး ဆုပ်ကိုင်ထားလိုက်မိသည်။ သူ့လက်ချောင်းလေးတစ်ချောင်းချင်းဆီက လွင့်လက်ချောင်းကြားလေးတွေမှာ အလျှိုလျှို။ လွင်က လက်ကလေးနှစ်ဖက်ကိုကြည့်ရင်း

ဘယ်ရီခင်းထဲက မျက်ရည်တစ်စက်ညနေWhere stories live. Discover now