အပိုင်း ၁၇ အိပ်မက်ထဲက ရထားကြီး

158 21 12
                                    

ပူလောင်မွန်းကြပ်တဲ့ ကိုယ့်ရဲ့ဝိဉာဉ် ထွက်ပေါက်လုံးဝမရှိခဲ့တော့...

ကြည်လင်လတ်ဆက်တဲ့ကလေးဘဝကောင်းကင်
အို... ဒဏ်ရာတွေနဲ့ပေါ့... ရွှေရောင်တောက်ပတဲ့နေ့ရက်များစွာ ငါပြန်တမ်းတမိတဲ့အခိုက်။

ငါဖြတ်သန်းခဲ့တဲ့ တစ်ခြမ်းပဲ့ညတို့ လှောင်ရယ်နေ။

အိပ်မက်ထဲက ရထားကြီး - ထူးအိမ်သင်

—————————————————
ထို အခန်းကျဉ်းလေးမှာ အေးစိမ့်ချမ်းသိမ့်လှ​၏။ လွင့်အရှေ့တည့်တည့်တွင် အသက် (၅၀)အရွယ်၊ အသားခပ်ဝင်းဝင်း၊ အနက်ရောင်ကုဒ်အင်္ကျီကို သပ်ရပ်စွာ ဝတ်ဆင်ထားပြီး တည်ငြိမ်စွာထိုင်နေသော အမျိုးသမီး​၏ အမည်မှာ ဒေါက်တာ ဒေါ်မျိုးသီရိကြွယ် ဖြစ်သည်။ ထိုသူမှာ စိတ်ရောဂါကုပါရဂူဖြစ်​၏။

"ကျွန်မ ကိုလွင်ပြင်အေးကို သိပ်လေးစားမိတယ်။ ကျွန်မဆိုလိုချင်တာက ကိုလွင်ပြင်အေးအနေနဲ့ ဘဝမှာ ခက်ခဲတဲ့ အခြေအနေဖြစ်ရပ်တွေမှာ အတတ်နိုင်ဆုံးတည်ငြိမ်စွာနဲ့ အဘက်ဘက်ကနေ ကြည့်ပြီးနားလည်အောင် ကြိုးစားပေးတယ်။ ကျွန်မသာဆို ဒီလိုလုပ်နိုင်မယ်မထင်ဘူး"

သူဆိုလိုချင်သည့် အရာကို လွင်ကောင်းစွာသဘောပေါက်သည်။ လွင်ကျေနပ်စွာ ပြုံးမိ​၏။ ကိုယ့်ကိုကိုယ်ဂုဏ်ယူမိသလားလည်း မသိပေ။ ထိုအမျိုးအမည်သတ်မှတ်ခွဲခြားမရသော ဝမ်းသာကျေနပ်မှုတစ်ခု လွင့်ရင်တွင်းနှလုံးသားထဲ ကိန်းဝပ်လာသည်။

"ဥပမာ ကိုလွင်ပြင်အေးက ကိုယ့်အမေက ကိုယ့်ကိုနားမလည်ပေးနိုင်တဲ့ ကိစ္စတွေမှာလည်း ဪအမေ့မှာလည်း သူ့မှာနားမလည်ဖို့အကြောင်းတရားတွေရှိတယ်။ ပြီးတော့အဖေနဲ့အမေရန်ဖြစ်ကြတဲ့ကိစ္စတွေမှာလည်း သူတို့ဟာအသက်သိပ်ငယ်တဲ့ အရွယ်မှာ ယူကြတယ်။ သူတို့ဖြတ်သန်းလာတဲ့ ကလေးဘဝ၊ နောက်ပြီးသူတို့ပတ်ဝန်းကျင်ကြောင့် သူတို့ရခဲ့တဲ့ ထရော်မာတွေက သူတို့ အိမ်ထောင်ရေးအပြင် သူတို့ရဲ့ကလေးတွေ ထိန်းကြောင်းတဲ့အပေါ် အများကြီးသက်ရောက်တဲ့အကြောင်း ကိုလွင်ပြင်အေး ဒီသဘောတရားတွေကိုလည်း ကိုယ့်ဖာသာ ဖြည့်တွေးပြီးနားလည်ပေးတယ်"

ဘယ်ရီခင်းထဲက မျက်ရည်တစ်စက်ညနေWhere stories live. Discover now