မေလ ၁၈ ရက် ၂၀၀၉။
ဒီနေ့ ငါ မုဒိန်းကျင့်ခံရတယ်...။
-----------------------------
"အဘက လွင့်ကို ဘာတွေအပြစ်တင်ချင်နေတာလဲ၊ လွင် ဂေးဖြစ်တဲ့အပေါ် အဘက မုန်းနေတာလား"အဘက လွင့်ပါးကို ဖြန်းခနဲ ရိုက်တော့ ငါ့လိပ်ပြာတွေ လွင့်ထွက်မတတ် မုန်းတီးစိတ်တွေဖြစ်လာရသည်။ အဘကို ပထမဆုံး လွင်သိပ်မုန်းမိတာပဲ။
သူတို့သားတစ်ယောက်လုံး ဆယ့်လေးငါးခါမက မုဒိန်းကျင့်ခံရတာကိုတောင် မသိနိုင်လောက်အောင် စီးပွားရှာငွေရှာပဲတတ်တဲ့လူတွေမဟုတ်လား။
ခုမှ လွင့်အမှားဆိုပြီး လွင့်ကိုအပြစ်တင်နေကြတာလဲ။
"နင် ... နင့်ကို ငါတို့ မွေးထားတာနော် လွင်ပြင်အေး၊ နင်ငါတို့ထားတဲ့အတိုင်းပဲနေရမယ်၊ အသက်ရှင်ရမယ်"
"အမေတို့က လူတစ်ယောက်ကို ခွေးတစ်ကောင်လို သေတဲ့အထိ ပုံစံခွက်ထဲပဲ ရှင်သန်ကြီးပြင်းသွားစေချင်တာလား။ အမေတို့က လူကိုမွေးထားတာလား၊ တိရစ္ဆာန်တစ်ကောင်ကိုမွေးထားတာလား"
ဖြန်း။ အမေက အဘပြီးနောက် ဒုတိယအကြိမ် လွင့်ကို ပါးထပ်ရိုက်တယ်။
"ဟုတ်တာပေါ့... မေမေရယ်။ ဟောဒီ မြန်မာနိုင်ငံထဲမှာ လွင်တို့ လူဖြစ်လာရင် လင်ယူခိုင်း၊ မယားယူခိုင်းတယ်။ အဲ့ဒါနဲ့တင်ပြီးရောလားဆိုတော့ နှစ်၆၀ ပလန်နဲ့ သားသမီးတွေကို သူတို့ရဲ့ အငြိမ်းစားဘဝမှာ ခိုင်းစားဖို့အတွက် မျှော်လင့်ချက်တွေနဲ့မွေးခဲ့ကြတာမဟုတ်လား"
"လွင်နင်မလွန်ဘူးလား.. နင်တော်လိုက်တော့" မမတူးက လွင့်ကို အော်တော့တယ်။
"တစ်ချိန်လုံး အမေတို့စိတ်တိုင်းကျ၊ အမေတို့ဖြစ်ချင်တာ... ဆယ်တန်းဆိုလည်း ဂုဏ်ထူးမို့။ ခု အင်ဂျင်နီယာ ပဉ္စမနှစ်ရောက်တော့လည်း မေမေတို့စိတ်တိုင်းကျ နေခဲ့တယ်... ဘယ်မှာလည်း သားရဲ့ရွေးချယ်မှု အသက်ရှင်ရတဲ့ဘဝ"
"နင့်စောက်ပါးစပ်က မိဘတွေစော်ကားနေတာမပြီးတော့ဘူးလား လွင်ပြင်အေး"
"မမတို့ကရော လွင် မုဒိန်းကျင့်ခံရတာ လွင့်အမှားလို့ထင်ကြတာလားဟင်၊ လွင့်ဘဝတစ်ခုလုံးစုတ်ပျက်ခဲ့တာ လွင်လုပ်ခဲ့လို့လား"
ESTÁS LEYENDO
ဘယ်ရီခင်းထဲက မျက်ရည်တစ်စက်ညနေ
Romanceလွင်သိလား။ လိပ်ကလေးတစ်ကောင်က သူပေါက်ဖွားတဲ့ ကမ်းခြေရဲ့ သဲနံ့ကို လျက်ပြီး မှတ်ထားတတ်တယ်တဲ့။ ဘယ်ခရီး၊ ပင်လယ်တွေ ရောက်ရောက်ဘယ်လှိုင်း၊ ဘယ်လောက်ထန်ထန် တစ်ချိန်ချိန်မှာ အဲ့ကမ်းခြေကို ပြန်ရောက်လာတယ်။ လွင်ကရော ကိုကြီးဘဝရဲ့ လိပ်ကလေးလားဟင်။