"ကိုကြီး ဘာလာလုပ်တာလဲ"
ကျွန်တော်က ခြေရင်းရောက်နေသည့်စောင်ကိုဆွဲယူပြီး ဘောင်ဘီပေါ်ကောက်တင်လိုက်သည်။ ကိုကြီးက အကြောင်းသိစွာ ရယ်၏။"ငါဘာမှမကြည့်မိဘူး ညီညီ"
"ကိုကြီးနော်"
ကျွန်တော်က ပြောတော့ကိုကြီးက သဘောကျစွာရယ်နေတော့ ကျွန်တော့်မျက်နှာကို စောင်နှင့် ဝှက်လိုက်၏။
"ညီိညီိ မင်းအရှေ့အိမ်ကဖွားဖွားကြီးကို သွားနှုတ်ဆက်မယ်ဆို"
"ကိုကြီးကိုဘယ်သူပြောလဲ"
"အမေပြောတာလေ မင်းမနေ့ညနေက မနှုတ်ဆက်လိုက်ရဘူးဆို"
ဖွားဆွေမွေးသည့် သားသမီးအနက် မောင်နှမခုနစ်ယောက်ရှိသည့်အနက် အဘက သားအကြီးဆုံးဖြစ်၏။ အဘအောက်က ညီမတွေကို အရီးဟုခေါ်ကြသည်။ ကျွန်တော်တို့မိုးကုတ်တွင် အမေနှင့်အဘ ထက်ကြီးသော သူတို့၏မွေးချင်းကို ကြီးကြီးနှင့် ဘကြီးဟုခေါ်ကြပြီး အမေနှင့်အဘထက်ငယ်သော သူတို့၏မွေးချင်းကို အရီး နှင့် ဘဒွေးဟု ခေါ်ကြပါသည်။ ဘဒွေးနဲ့ ကြီးကြီးကတော့ဆုံးပါးသွားပြီး ထိုအရှေ့အိမ်မှာတော့ အရီးသန်းနှင့် အရီးလေးတို့ ညီအစ်မသာ အဖွားနဲ့ နေရစ်၏။ ကျန်ကြီးကြီးထွေးနှင့် ဘကြီးတို့မှာ ရန်ကုန်မှာ အခြေကျနေလေသည်။
ဆိုတော့ ဖွားဆွေအိမ်ကို သွားဖို့ ကိုကြီးကခုလာနှိုးတာပါတဲ့...။
"ထတော့လေ ညီရာ၊ ခုနစ်နာရီထိုးပြီ"
"ခုထပြီ ကိုကြီးအပြင်မှာစောင့်နေ"
"ဘာလို့လဲ"
ကိုကြီးက မျက်မှောင်ကိုကြုံ့တော့"ကိုကြီးမရှိမှ ထလို့ရမှာ၊ ခုထလို့မရဘူး"
ကိုကြီးက အသံကျယ်ကျယ်ထွက်အောင်ရယ်ပြီး
"အေးပါ ကိုကြီးဧည့်ခန်းထဲကစောင့်နေမယ်"ကိုကြီးထွက်သွားမှ ကျွန်တော်စောင်ကိုဖယ်ကြည့်ပြီး အောက်ကို ငုံ့ကြည့်ကာ "ချီး" ဟု ရေရွတ်လိုက်သည်။ ထို့နောက် ကုတင်ပေါ်ကနေ ထထိုင်လိုက်၏။ ကိုကြီး... ကိုကြီး။ ခုချိန်ထိ ကိုယ့်ကို လွှမ်းမိုးနိုင်တဲ့လူကြီး... အစုတ်ပလုတ်ကြီး။
YOU ARE READING
ဘယ်ရီခင်းထဲက မျက်ရည်တစ်စက်ညနေ
Romanceလွင်သိလား။ လိပ်ကလေးတစ်ကောင်က သူပေါက်ဖွားတဲ့ ကမ်းခြေရဲ့ သဲနံ့ကို လျက်ပြီး မှတ်ထားတတ်တယ်တဲ့။ ဘယ်ခရီး၊ ပင်လယ်တွေ ရောက်ရောက်ဘယ်လှိုင်း၊ ဘယ်လောက်ထန်ထန် တစ်ချိန်ချိန်မှာ အဲ့ကမ်းခြေကို ပြန်ရောက်လာတယ်။ လွင်ကရော ကိုကြီးဘဝရဲ့ လိပ်ကလေးလားဟင်။