လွင်ကိုကြီးအဖြေကိုစောင့်နေပေမယ့် ကိုကြီးက တစ်ခုခုလုပ်ဖို့လှုပ်ရှားသွားလာရင်း အဖြေမလာချင်တာကို တွေ့ရတာမို့ လွင်နေရာကနေ ထလိုက်မိသည်။
ကိုကြီးက လွင့်အပေါ် အချစ်နဲ့ပတ်သက်ရင် ဘာမှမဖြေနိုင်ဘဲ ရှိနေသေးတာပဲကိုး။ နှစ်တွေအကြာကြီးနေပြီးမှလေ... တစ်ယောက်ကို တစ်ယောက်က ချစ်နေကြပြီးမှ၊ အဲ့အချစ်ကိုလည်း ခံစားကြပြီးမှ...။ ကိုကြီးဟာ အချစ်ကိုခေါင်းရှောင်နေဆဲပဲဆိုတာ လွင် ရှက်ရှက်နဲ့ ဝန်ခံရတော့မှာလား။
ကျွန်တော် ဆက်ပြီး ဘာမှမပြောတော့ဘဲ ဆိုဖာထိုင်ခုံလေးမှာ ပြန်ထိုင်လိုက်သည်။
ကိုကြီးက ခဏကြာတော့ လွင့်ဘက်ကို ဘာမှမဖြစ်သလို လျှောက်လာ၏။ လွင်ကတော့ အတွေးတွေ များနေစဉ်မှာ ကိုကြီးကတော့ အရင်လို အေးစက်နေဆဲဆိုတာ လွင်ဝန်ခံရမယ်ထင်ပါရဲ့လေ...။
"လွင် ကိုကြီးကိုလုပ်မကူတော့ဘူးလား"
ကိုကြီးအား မော့ကြည့်လိုက်တော့ သူ့လက်တွင် ဂျုံမှုန့်တွေဖြင့် ဖြူဖွေးဆွတ်နေလေရဲ့။ သူက အေပရွှန်အနက်ရောင်ကိုဝတ်ထားသူမို့ ဂျုံမှုန့်တွေ အေပရွှန်ပေါ် ပေပွနေတာကို အထင်းသားမြင်ရလေသည်။ကိုကြီးဟာ ခုနက မေးခွန်းကိုတကယ်မကြားခဲ့သူလို။ ငယ်ငယ်ကလို နားမလည်ချင်စရာကောင်းနေတုန်းပါပဲကိုး။
"ဟုတ် လုပ်ကူမယ်"
ကျွတ်တော်နေရာက ထပြီး ကိုကြီးနောက်ကိုပြန်လိုက်ခဲ့သည်။ ကိုကြီးက လွင့်အား ကြက်သားမွမွလေးအရှည်လိုက်ဖွာပေးဖို့ပြော၏။ လွင်က လက်ဆေးလိုက်ပြီး ကြက်သားကို သေချာနွှင်ပေးနေသည်။
"လွင် ... "
"ဟုတ်ကိုကြီး"
"အဲ့တာနွှင်ပြီးရင် ကိုကြီးဖုန်းလေးကိုယူပေးပါလား၊ ပြီးရင် ကိန်းနဲ့ သုတ အဲ့နှစ်ကောင်ကိုဖုန်းဆက်ပေး"
ကိုကြီးကတော့ ပီဇာလုပ်ဖို့ ဂျုံပြားကို ပြားနေအောင် လှိမ့်လိုက်၊ လှည့်လိုက်ဖြင့် စိတ်ရှည်စွာ လုပ်နေသည်။ လွင်ကြက်သားနွှင်ပြီးတော့ ကိုကြီးဖုန်းကိုယူလိုက်သည်။ ကိုကြီးက ဖုန်းလော့ခ်ကို ချထားသည်မို့
YOU ARE READING
ဘယ်ရီခင်းထဲက မျက်ရည်တစ်စက်ညနေ
Romanceလွင်သိလား။ လိပ်ကလေးတစ်ကောင်က သူပေါက်ဖွားတဲ့ ကမ်းခြေရဲ့ သဲနံ့ကို လျက်ပြီး မှတ်ထားတတ်တယ်တဲ့။ ဘယ်ခရီး၊ ပင်လယ်တွေ ရောက်ရောက်ဘယ်လှိုင်း၊ ဘယ်လောက်ထန်ထန် တစ်ချိန်ချိန်မှာ အဲ့ကမ်းခြေကို ပြန်ရောက်လာတယ်။ လွင်ကရော ကိုကြီးဘဝရဲ့ လိပ်ကလေးလားဟင်။