အပိုင်း ၁၈ သော်ကတိုင်းပြည်မှာ ခြေကျွံကျခဲ့တဲ့ စစ်သုံ့ပန်း

149 22 4
                                    

မေးခွန်း နံပါတ် (၃)။  ။ အားလုံးသိသွားကြတဲ့အခါ ဘာတွေပြောင်းလဲသွားလဲ?

"ကိုလွင်ပြင်အနေနဲ့ ညတွေမှာ အိပ်မက်ဆိုးတွေရော အရင်လို မက်သေးလား ဥပမာ စပြခါစမှာ အိပ်လို့မပျော်ဘဲ ပြန်ပြန်နိုးနေတတ်တာ၊ တစ်ညကို လေးငါးခါလောက် အိပ်မက်ဆိုးမက်ပြီးလန့်နိုးတတ်တာတွေ ဖြစ်သေးလား"

"ပထမဆုံးတစ်ခေါက်နဲ့စာရင် အခုကတော့ ပိုသက်သာလာတယ်လို့ ထင်မိပါတယ်"

"ကိုလွင်ပြင်အေးအနေနဲ့ တကယ်လို့သာ ဒီအဖြစ်အပျက်ကြီးသာ မဖြစ်ခဲ့ရင် အခုလို ကိုလွင်ပြင်အေးက လိင်ပိုင်းဆိုင်ရာမှာ အစော်ကားခံရတဲ့ကိစ္စတွေဟာ လူတွေတစ်သက်လုံးသိလောက်မှာမဟုတ်ဘူးမလား"

ကျွန်တော် ဆရာမကို မကြည့်ဘဲ အောက်က ကြွေပြားအဖြူချပ်ပေါ်က ပန်းရောင်ပန်းပွင့်အကြီးကြီးကို အစဉ်တစိုက်ငေးကြည့်ရင်းက

"ကျွန်တော်လည်း အဲ့လိုပဲထင်တယ်၊ တကယ်လို့သာ ဒါတွေမဖြစ်ခဲ့ရင် တစ်သက်လုံး ဒီလိုဖုံးကွယ်ရင်း သေသွားရမယ်ထင်ပါတယ်" 

"ကိုလွင်ပြင်အေးကလည်း ဒီလိုဖုံးကွယ်ပြီး အသက်ဆက်ပြီးရှင်သန်သွားဖို့ ကြိုးစားခဲ့တယ်ပေါ့၊ ဒါပေမယ့် ခုလို အကြောင်းကြောင့် အားလုံးသိသွားခဲ့တဲ့အပေါ်မှာရော ရှေ့တုန်းကနဲ့ အခုနဲ့ ဘယ်လိုကွာခြားသွားသလဲ"

"အသက်တွေကြီးလာလေလေ ဒီဒဏ်ရာတွေက ပျောက်ပျက်သွားတာမဟုတ်ပေမယ့် စိတ်သက်သောင့်သက်သာ ဖြစ်လာလေမို့ လူတွေသိသွားတဲ့အခါလည်း ဘာမှပြောင်းလဲသွားတော့မဟုတ်တာ...၊
ပိုပြီးဆိုးတာက အဘတို့အမေတို့သိသွားတဲ့အခါ နှစ်သိမ့်မှုမရဘဲ လွင့်အပြစ်တွေလို့ ဝိုင်းပြောခံရတဲ့အတွက် စိတ်ဒဏ်ရာပိုပြီး ရမိတယ်"

လွင်စကားသံတွေ တုန်ယင်လာပေမယ့် သတ္တိမွေးပြီး စကားကိုရှေ့ဆက်ရသည်။

" အတိတ်ကို လွင်တို့နောက်ပြန်သွားလို့မရဘူးလေ။ ငယ်ငယ်တုန်းက အဖိုးနားမှာနေပြီး အဖိုးဆုံးမနေကျ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ တရားတွေနာတော့ ဒါဟာ လွင့်ရဲ့ ဝဋ်နာကံနာလို့ပဲ သဘောထားလိုက်တော့တယ်"

ဘယ်ရီခင်းထဲက မျက်ရည်တစ်စက်ညနေDonde viven las historias. Descúbrelo ahora