၂၀၀၉ ဟာ လွင်တို့အတွက် ရှုပ်ထွေးပွေလီသည့် နှစ်တစ်နှစ်ဖြစ်သည်။ ထိုနှစ်နွေရာသီမှာ ဘိုးဘိုးကကြီးမှူးပြီး လွင့်တို့မိသားစု ရှင်ပြုနားသအလှူလုပ်ကြသည်။
ရဟန်းခံ၊ရှင်ပြု၊ ယောဂီဝတ် အလှူတော် မင်္ဂလာ
အနန္တော အနန္တ ငါးပါး၊ ခင်ပွန်းကြီးဆယ်ပါးနှင့်
မိုးကုတ်ဆရာတော်ဘုရားကြီးအား
ဦးထိပ်ပန်ဆင်လျက်မိုးကုတ်မြို့အနောက်ပိုင်း၊ ဂေါင်းဦးဘာရွာမ
အရပ်နေအလှူ့ဒါယိကာကြီးဦးသူ
နှင့် အလှူဒါယိကာမကြီး ဒေါ်ဆွေ"ဆွေစာပေ" မိသားတစ်စုမှ
ခန္ဓာဝန်ဇာတ် မပြတ်လည်ရာ ဒုက္ခသစ္စာသံသရာမှ လွတ်မြောက်နိုင်ရန် မြတ်နိဗ္ဗာန်ကို ရည်သန်သမှု
အာရုံပြုပြီးမောင်ထူးဝေယံ၊ မောင်အိမ််ကောင်းဈာန်၊
မောင်လွင်ပြင်အေး၊ မောင်မင်းမောင်ကိန်း၊
မောင်သုတဉာဏ်ဇော် တို့အား
ရှစ်ပါးပရိက္ခရာ စုံလင်စွာဖြင့် ပဗ္ဗဇ္ဇ အမွေ ရှင်သာမဏေအဖြစ် သွတ်သွင်းချီးမြှောက်ပြီး ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်တို့
ဟောကြားတော်မူသော အလှူတော်မင်္ဂလာတရားများကို အတူတကွနာယူလိုပါသဖြင့်
ရိုသေစွာဖိတ်ကြားအပ်ပါသည်။အဘိုးဦးသူ၏ ကနဦးအစီအစဉ်တွင် သုတမပါချေ။ သူ့အဖေကလည်းသုတကို သိပ်ပြီး ထည့်ချင်သည့်ပုံမပါဘူး။ လွင်တို့ကျေးလက်လေး၏ အလှူပွဲသေးသေးလေးဆိုပြီး အထင်သေးခြင်းလည်း ဖြစ်လိမ့်မည်။ သို့သော် သုတက ဇွတ်ဂျီတိုက်ပြီး နားပူနားဆာလုပ်ပြီးအဘိုးကိုယ်တိုင် သူ့အဖေ ဦးဉာဏ်ဇော်ကို နားချပေးမှအကြည်တဖြူထည့်လေသည်။
"ကိုရင်ဝတ်ပြီး ညစာမစားရင် လွင်တော့ ခက်ရချည်ရဲ့၊ ဗိုက်ဆာရင် မုန့်ခိုးစားချင်ရင် စားလို့ရတယ်မဟုတ်လား ကိုကြီး"
"ငရဲကြီးမှာပေါ့ မင်းကလည်း"
"ဟူး ဒါဆို လွင် ဗိုက်သိပ်ဆာနေမှာပဲ ကိုကြီးရာ တချို့ဘုန်းကြီးတွေလည်းစားကြတာပဲ။ ပြီးရင်သူတို့က အာပတ်ဆိုလား ဘာပတ်ဆိုလားပဲ အဲ့တာကဘာလဲဟင်ကိုကြီး "
YOU ARE READING
ဘယ်ရီခင်းထဲက မျက်ရည်တစ်စက်ညနေ
Romanceလွင်သိလား။ လိပ်ကလေးတစ်ကောင်က သူပေါက်ဖွားတဲ့ ကမ်းခြေရဲ့ သဲနံ့ကို လျက်ပြီး မှတ်ထားတတ်တယ်တဲ့။ ဘယ်ခရီး၊ ပင်လယ်တွေ ရောက်ရောက်ဘယ်လှိုင်း၊ ဘယ်လောက်ထန်ထန် တစ်ချိန်ချိန်မှာ အဲ့ကမ်းခြေကို ပြန်ရောက်လာတယ်။ လွင်ကရော ကိုကြီးဘဝရဲ့ လိပ်ကလေးလားဟင်။