အပိုင်း ၈ အတိတ်ရဲ့ အရိပ်

196 26 6
                                    

၂၀၁၁ ခုနှစ်​၏ မိုးရာသီဦး။

"လွင်ငယ်ရေ ထတော့။ တူးတူး ... ငယ်ငယ့်ကို နှိုးလိုက်ဦး" အမေ့အော်သံခပ်ဆာဆာကြောင့် လွင် နိုးလာ​၏။

မနက် (၅)နာရီခွဲ မိုးကုတ်မြို့အနောက်ပိုင်း ဂေါင်းဦးဘာရွာမ နံနက်ခင်းတစ်ခု။ ညက မိုးရွာထားသောကြောင့် အလွန်ပင် အေးခဲနေ​၏။ လွင် မျက်လုံးကို မဖွင့်ချင်ဖွင့်ချင်ဖွင့်လိုက်ပြီး ဘေးကိုစောင်းတော့ ခန္ဓာကိုယ်အောက်က "ကျလိကျလိ" ဟု အသံတစ်ခုကြားရသည်။

လွင်... စာအုပ်တွေကို ဖိအိပ်မိပြန်ပြီ။ ကျွတ်စ်...။

"စာကျက်ရင်း အိပ်မိပြန်ပြီ လွင်ပြင်ရေး"

ကိုယ့်ဖာသာ စိတ်ကူးနဲ့ အော်မိပြန်သည်။ ဒီရက်ပိုင်းဆို စိတ်သိပ်မမှန်ချင်ဘူး။ မိုးရာသီ​ရဲ့ အငွေ့အသက်တွေဟာ လွင့်ကို ရူးစေတာပဲ။ အေးအေးစိမ့်စိမ့် မနက်ခင်းမှာ စိုထိုင်းအိကျနေသည့် မြေလမ်းကလေး၊ လမ်းလျှောက်တိုင်း ဖိနပ်ကိုပေတဲ့ ဗွက်တွေ။ မိုးရာသီကတကယ် စိတ်တိုစရာ။ ကုန်ကိုမကုန်ဘူး။

တကယ်က လွင် ကိုကြီးကို လွမ်းတာပါ။ ဒီနေ့ဆို ကိုကြီး မန္တလေးကိုပြန်သွားတာ (၆၂)ရက်ကျော်ပြီ။ ဘယ်တော့ပြန်လာမှာလဲမသိ။ သူပြောတော့ လွင် ဆယ်တန်းဖြေခါနီး မိုးကုတ်ပြန်လာပြီး စာဖြေမယ့်ကျောင်းထိလိုက်စောင့်ပေးမယ်ဆိုပြီး ... ချီးထုပ်ပဲ။

ပြောရဦးမယ်။ ကိုကြီးက ဒုတိယနှစ် စတက်ရပြီလေ။ ဒုတိယနှစ် ရတနာပုံတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေး မေဂျာကကျောင်းသားကြီး။

လွင့်အကိုအငယ် ထူးထူးနှင့် ကိုကြီးက ကျောင်းနေဖက်ဖြစ်သည်။ မမိုးပြည့်ကတော့ အင်္ဂလိပ်မေဂျာ ဒုတိယနှစ်ကျောင်းသူဖြစ်သည်။ လွင့် အစ်မ မမိုးအေးကတော့ သင်္ချာမေဂျာနောက်ဆုံးနှစ်ဖြစ်​၏။  မမက တူလေးအကြီးဆုံးကိုမွေးပြီးတစ်နှစ်နားပြီးမှ နောက်ဆုံးနှစ်ကို ဝင်ဖြေ​၏။

ဟုတ်တယ်... လွင်တို့တွေ ကြီးပြင်းလာခဲ့ကြပြီ။ မမတူးကတော့ အစ်မကြီးပီပီ ကျောင်းထွက်ပြီး အဘတို့နှင့် စီးပွားရှာနေပြီဖြစ်သည်။ မိုင်းရှူးဘက်သွားပြီး အရီးလေးတို့နဲ့ကျောက်ရောင်းကျောက်ဝယ်လုပ်သလို အစ်ကိုအကြီးဆုံး ကိုဝေကတော့ မချိုဦးကို ကောက်ယူပြီး အဘတို့ဆူဆဲတာ ခံနေရချိန်ဖြစ်သည်။ ဘာလို့ဆူသလဲဆိုရင် ကိုကြီးဝေနှင့် မချိုဦးတို့က အမျိုးစပ်လျှင် သွေးတော်တော်နီးသော နှစ်ဝမ်းကွဲမောင်နှမတွေမို့ အဘက ဆူဆဲပြီး သဘောမတူပေမယ့် ရည်ငံနေကြသူအမောင်ငဝေတို့ကတော့ အဆူအဆဲခံပြီး ကိုယ့်ညီမဝမ်းကွဲကို အိမ်ပေါ်တင်ခေါ်လာတော့လေ​၏။

ဘယ်ရီခင်းထဲက မျက်ရည်တစ်စက်ညနေWhere stories live. Discover now