မမိုးပြည့်နဲ့ ဖုန်းပြောအပြီးတွင် မောင်ကိန်းက ငယ်မူမပျက် မေးခွန်းတွေ တရစပ်မေးတော့သည်။
"မင်းဟိုမှာအလုပ်တွေ အများကြီးလုပ်ဖြစ်တယ်ဆို ခုကဘာဖြစ်လို့လဲ"
"အလုပ်ကတော်တော်အဆင်မပြေလို့လား"
"ဒီမှာရောမင်းဘာလုပ်မယ်စဉ်းစားထားလဲ"သူ့မေးခွန်းတွေ နားထောင်ရင်း အိပ်ပါငိုက်ချင်လာ၏။ ကျွန်တော်က တစ်ခွန်းတည်း
"ငါမပျော်လို့ပေါ့ ကိန်းရယ်" ဟု ဖြေတော့ ကိန်းက အေးပါဟု သူ့ထုံးစံအတိုင်း ကျွန်တော့်အား နားမလည်ဟန် ဖြေလေသည်။"ကိုကြီးနဲ့ရော အဆင်ပြေလား"
"အင်း"
"အရင်လိုရော မင်းဘက်က..."
မောင်ကိန်းက မမေးရဲ မေးရဲဖြစ်နေတော့ ... ကျွန်တော် တစ်ချက် ရယ်လိုက်ကာ
"အရင်လိုငါကပြန်ပြီး နာကျင်ရဦးမှာလား၊ ကိုယ့်ကိုဘယ်တော့မှ ပြန်မချစ်မယ့်လူတစ်ယောက်ကို အရူးအမူးကြီး ဘယ်အချိန်ထိစောင့်နေရဦးမှာလဲ မောင်ကိန်းရယ်... အဲ့လူတစ်ယောက်ကိုလည်း ဘာတွေထပ်ပြီး မျှော်လင့်ရဦးမှာလဲ...ဟင်..." ဖြေတော့ မောင်ကိန်းက လွင့်ကို သနားကမားပုံပေါက်အောင် ကရုဏာသက်သော မျက်ဝန်းတို့ဖြင့်ကြည့်ပြီး
"မင်းကရော မချစ်တော့ဘူးလား"
"ငါလား... ငါကိုကြီးကို ချစ်ခဲ့တယ်... "
မောင်ကိန်းက အရင်အတိုင်းပဲ ထုံအစွာဖြင့် ဆက်ပြီး လွင့်အဖြေကို မကျေနပ်ပုံနှင့် မေးပြန်၏။
"ချစ်ခဲ့တယ်ဆိုတော့ ခုမချစ်တော့ဘူးလား"
"ငါပင်ပန်းတဲ့အချိန်တိုင်း သူ့ကို တကယ်သတိရတယ် ကိန်းရယ်...လောကကြီးမှာ ရှင်သန်ဖို့ခက်ခဲလာတိုင်း သူဟာ ငါအသက်ဆက်ရှင်ဖို့ ကြိုးတစ်မျှင်ပဲ... သူက အဲ့လောက်ထိ ငါ့ဘဝမှာ အရေးပါတယ်။ ဒါပေမယ့် ငါက သူ့အတွက် ဘာမှမဟုတ်ဘူးလေ... ငါ့ကိုသူမရွေးချယ်ခဲ့ဘူးမဟုတ်လား"
"သူမင်းကိုချစ်ပါတယ် လွင်ရာ"
"သူငါ့ကိုမချစ်ပါဘူး..."
"အင်း"
"ကိုကြီးဟာ ငါ့ကိုမချစ်လို့ မရွေးချယ်ခဲ့တဲ့ လူတစ်ယောက်ပါ ကိန်းရယ်"
YOU ARE READING
ဘယ်ရီခင်းထဲက မျက်ရည်တစ်စက်ညနေ
Romanceလွင်သိလား။ လိပ်ကလေးတစ်ကောင်က သူပေါက်ဖွားတဲ့ ကမ်းခြေရဲ့ သဲနံ့ကို လျက်ပြီး မှတ်ထားတတ်တယ်တဲ့။ ဘယ်ခရီး၊ ပင်လယ်တွေ ရောက်ရောက်ဘယ်လှိုင်း၊ ဘယ်လောက်ထန်ထန် တစ်ချိန်ချိန်မှာ အဲ့ကမ်းခြေကို ပြန်ရောက်လာတယ်။ လွင်ကရော ကိုကြီးဘဝရဲ့ လိပ်ကလေးလားဟင်။