အပိုင်း ၁၁ မသိခြင်းတရားများ

189 24 5
                                    

"လွင်ရော ငါ့ကိုထားသွားမှာလား"

"မထားပါဘူး... ကိုကြီးဘာလို့ငိုနေတာလဲ"

ကိုကြီးက ရှိုက်ကြီးတငင်ထပ်ငိုပြန်သည်။ ကိုကြိးဟာ ဘာတွေခံစားနေရတာပါလိမ့်။

"လာ ကိုကြီးလာ ကုတင်ပေါ်မှာ လှဲလိုက်နော်..."

ကိုကြီးက ငိုမြဲငိုနေသည်။ ကိုကြီးဆံပင်လေးကို အသာယာဖွမိတော့ အမည်မသိခံစားချက်မျိုးကိုရသည်။ ကိုကြီးဆံပင်တွေက စင်းပြီးဖြောင့်ကာ ပျော့ပျောင်းနူးညံ့လွန်း​၏။

ကိုကြီးဆီက ငိုသံတိတ်သွားမှ ကိုကြီး အိပ်သွားပြီဆိုတာ သိတော့သည်။ ဘာတွေက ကိုကြီးကို စိတ်ညစ်စေတာလဲ လွင်မသိ။

ကိုကြီး အိပ်ခန်းထဲမှာ စမ်းတဝါးလျှောက်ရင်း စားပွဲပေါ်မှာ ပြန့်ကျဲနေသည့် စာရွက်များကို တွေ့ရသည်။ လွင်စာကြည့်မီးနဲ့ကြည့်တော့ သတင်းစာစာရွက်တွေဖြစ်နေ​၏။

စာတွေကို သေချာဖတ်ကြည့်မှ...

မိုးကုတ်မြို့တွင် ဇနီးကဖောက်ပြန်တယ်ဟုစွပ်စွဲကာ ယောက်ျားက ဇနီးကို ဓားဖြင့်ထိုးသတ်

ဒုတိယစာရွက်တစ်ရွက်မှာတော့

ဇနီးကို သတ်ပြီး ကိုယ့်ကိုကိုယ် ကြိုးဆွဲချသေသွားသည့် မိုးကုတ်မြို့က ယောက်ျားတစ်ဦး

ဒီအရာတွေနဲ့ ကိုကြီးက ဘာဆက်စပ်မှုရှိလဲ။ လွင် သတင်းတွေကို သေချာဖတ်ကြည့်မှ ထိုသတင်းများမှ အမျိုးသားနှင့်အမျိုးသမီးမှာ ကိုကြီး​၏ မိဘများဖြစ်နေသည်။ ဒါဆို...။ လွင်မသိခဲ့ဘူး။ လွင့်အဘတို့ကို ကိုကြီးမိဘတွေအကြောင်းလွင်မေးတိုင်း သူတို့ ကားမှောက်ပြီးဆုံးသွားခဲ့ကြောင်း ဖြေကြ​၏။ ဒါတွေကို လွင်မှ မသိခဲ့ပါဘဲ...။ ကိုကြီးရယ်...။

ကိုကြီးအိပ်ပျော်တော့ လွင်အိမ်ကိုပြန်လိုက်သည်။ လွင့်မှာ အဖြေမသိခဲ့တဲ့ ပုစ္ဆာတွေအများကြီးရှိသေးတာပဲ။ လွင် မချိုဦးကိုမေးရမယ်။ အဘတို့ကတော့ ဖြေမှာ မဟုတ်ဘူးလေ။

"သူငိုနေတာသိလား မဦး၊ သူ့အမေနဲ့အဘက ကားမှောက်တာမဟုတ်ဘဲ တစ်ခုခုကြောင့်သေသွားတာမလားဟင်"
မချိုဦးကို အစ်ပြီးမေးမှပဲ မချိုဦးက

ဘယ်ရီခင်းထဲက မျက်ရည်တစ်စက်ညနေWhere stories live. Discover now